လပေါင်းများစွာ စောင့်မျှော်ခဲ့ရတဲ့ Legens of Runeterra ကတော့ ဒီလကုန်မှာ စမတ်ဖုန်းတွေပေါ် ဆော့ကစားနိုင်တော့မှာဖြစ်ပါတယ်။ League of Legends ရဲ့ Universe ထဲက ကတ်ဂိမ်းအမျိုးအစားဖြစ်တဲ့ Runeterra ဟာ နိုင်ငံအချို့မှာ Soft Launch လုပ်ခဲ့ပေမယ့် ယခုဧပြီလ ၃၀ ရက်နေ့မှာမှ တရားဝင် Launch လုပ်လာမှာပါ။

Legends of Runeterra ကို ဒီလကုန်မှာ ကွန်ပြူတာ၊ Android နဲ့ iOS ပလက်ဖောင်းတွေပေါ်မှာ ဆော့ကစားနိုင်တော့မှာဖြစ်ပါတယ်။ ကွန်ပြူတာဗားရှင်းနဲ့မတူတာက ဒီဂိမ်းကို မိုဘိုင်းပေါ်မှာကစားဖို့ Riot အကောင့် ရှိစရာမလိုပါဘူး။ သူ့ရှေ့က Soft Launch ထွက်ထားတဲ့ Teamfight Tactics မှာလည်း ဒီလိုပါပဲ။

လက်ရှိအချိန်မှာ Runeterra နဲ့ Teamfight Tactics တို့ကို ကွန်ပြူတာပလက်ဖောင်းမှာတော့ ဆော့ကစားနိုင်တာ ကြာနေပါပြီ။ ဒါပေမယ့် တရားဝင် Launch မလုပ်ရသေးဘဲ နိုင်ငံအချို့မှာသာ Beta အနေနဲ့ ကစားနိုင်သေးတာ ဖြစ်ပါတယ်။ Legends of Runeterra ဟာ ထွက်ရှိချိန်မှာတော့ တရုတ်နဲ့ဗီယက်နမ်တို့မှာ ချက်ချင်းကစားနိုင်မှာ မဟုတ်သေးဘူးလို့လည်း သိရပါတယ်။

မိုဘိုင်းပေါ်မှာ ကတ်ဂိမ်းတွေဟာလည်း ကစားလို့ကောင်းတဲ့ အမျိုးအစားဖြစ်ပေမယ့် Clash Royale နဲ့ Magic Rush တို့လို RPG ဆန်ဆန် PVP ဂိမ်းတွေသာ များနေပြီး ကတ်ဂိမ်းစစ်စစ်ဆိုလို့ Magic: The Gathering နဲ့ Hearthstone တို့သာ လူဆော့များလျက်ရှိပါတယ်။ Magic: TG ဂိမ်းဟာ အရမ်း Hardcore ဆန်ပြီး ကစားသမားသစ်တွေအတွက် ဆွဲဆောင်မှု နည်းပါးသလို Hearthstone ကလည်း နှစ်နဲ့ချီနေပြီဖြစ်တာကြောင့် ညည်းငွေ့သလောက်ရှိနေပါပြီ။ ဒီအချိန်မှာ Legends of Runeterra က ဝင်ရောက်နေရာယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref – AFK Gaming