LG ကနေ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက 18″ OLED Screen တစ်ခုကို ကွေးညွတ်နိုင်တယ်ဆိုပြီးကြေငြာခဲ့ပါတယ်။ ၄ နှစ်ကြာပြီး အခုအချိန်မှာတော့ LG ကနေ 65″ OLED TV ကို မသုံးတဲ့အချိန်မှာ လိပ်ပြီး သိမ်းထားလို့ရတယ်ဆိုပြီး ပြသခဲ့ပါတယ်။


အခု LG ရဲ့ လိပ်သိမ်းနိုင်တဲ့ 65″ OLED TV ဟာ Resolution အနေနဲ့ 4K အထိရှိမှာဖြစ်ပြီး အသုံးမပြုတဲ့အချိန်မှာ အလိုအလျောက်အောက်ကို လိပ်သိမ်းသွားမှာပဲဖြစ်ပါတယ်။ အခု ဒီ 65″ OLED TV ကို ရောင်းချမယ့် နေ့ရက်နဲ့ အချိန်ကိုတော့ နောက်ပိုင်းကြမှ အသေးစိတ်ဖော်ပြသွားမယ်လို့ သိရပါတယ်။

LG က အခုလိုလိပ်သိမ်းနိုင်တဲ့ TV အပြင် OLED Display Panel ထဲမှာပါ Speaker တွေကို မြုပ်ထားနိုင်တဲ့နည်းပညာတစ်ခုကို ပြသခဲ့ပြီး နောက်ပိုင်း OLED TV တွေမှာ Speaker သီးခြားတပ်ဆင်စရာမလိုတော့ပဲ Display Panel ကနေပဲ အသံထွက်တော့မှာဖြစ်ကြောင်းပြသခဲ့တာဖြစ်ပါတယ်။

LG ကတော့ လိပ်သိမ်းလို့ရတဲ့ TV ရော၊ OLED Panel မှာပါ Speaker ကို မြုပ်ထားနိုင်တဲ့အထိ တိုးတက်နေပါပြီ။