Zawgyi
LG ကနေ ယခုနှစ်အစောပိုင်းတုန်းက LG G8 ThinQ စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီးတော့ အခုအချိန်မှာလည်း လာမယ့် စက်တင်ဘာလမှာ ပြုလုပ်တော့မယ့် IFA 2019 မှာ နောက်ထပ် Flagship စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။
ဒီ LG ကနေ မိတ်ဆက်လာမယ့် Flagship ဖုန်းက LG G8X ThinQ လို့ နာမည်ပေးထားမှာဖြစ်ပြီးတော့ လက်ရှိအချိန်မှာ ဖုန်း Design ကို အတိအကျသိနိုင်ပြီဖြစ်တဲ့ Render Video တွေထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။
ကျန်တဲ့နေရာတွေမှာတော့ LG G8X ThinQ က LG G8 ThinQ နဲ့ တူညီတယ်လို့ ပြောလို့ရပြီး Display ရဲ့ အောက်ဖက်မှာလည်း အနည်းငယ်ကြီးမားတဲ့ Chin က ပါဝင်ဦးမှာပါ။ Display Size အနေနဲ့ 6.35″ ရှိမှာဖြစ်ပြီးတော့ 8.5mm အထူရှိမှာဖြစ်ပါတယ်။ Fingerprint Sensor ကို ဖုန်းနောက်မှာ မတွေ့ရတော့တဲ့အတွက် LG အနေနဲ့ နောက်ဆုံးတော့ Under-display Fingerprint Sensor ကို ပြောင်းသုံးလာမယ့်ပုံစံပါပဲ။
Ref – Phone Arena
Unicode
LG ကနေ ယခုနှစ်အစောပိုင်းတုန်းက LG G8 ThinQ စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီးတော့ အခုအချိန်မှာလည်း လာမယ့် စက်တင်ဘာလမှာ ပြုလုပ်တော့မယ့် IFA 2019 မှာ နောက်ထပ် Flagship စမတ်ဖုန်းတစ်ခုကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။
ဒီ LG ကနေ မိတ်ဆက်လာမယ့် Flagship ဖုန်းကတော့ LG G8X ThinQ လို့ နာမည်ပေးထားမှာဖြစ်ပြီးတော့ လက်ရှိအချိန်မှာ ဖုန်း Design ကို အတိအကျသိနိုင်ပြီဖြစ်တဲ့ Render Video တွေထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။
ယခုနှစ်အစောပိုင်းတုန်းကတော့ LG ကနေ G8 ThinQ စမတ်ဖုန်းမှာ Hand Gesture တွေအတွက် ToF Camera ထည့်သွင်းနိုင်ဖို့အတွက် Display Notch ကို ထည့်ပေးခဲ့ပေမယ့် လာမယ့် G8X ThinQ ဖုန်းမှာတော့ Selfie Camera အတွက်ပဲ Waterdrop Notch ပါဝင်လာမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီ Hand Gesture တွေက ပါဝင်လာနိုင်ဖွယ်မရှိတော့ပါဘူး။
ကျန်တဲ့နေရာတွေမှာတော့ LG G8X ThinQ က LG G8 ThinQ နဲ့ တူညီတယ်လို့ ပြောလို့ရပြီးတော့ Display ရဲ့ အောက်ဖက်မှာလည်း အနည်းငယ်ကြီးမားတဲ့ Chin က ပါဝင်ဦးမှာပါ။ Display Size အနေနဲ့တော့ 6.35″ ရှိမှာဖြစ်ပြီးတော့ 8.5mm အထူရှိမှာဖြစ်ပါတယ်။ Fingerprint Sensor ကို ဖုန်းနောက်မှာ မတွေ့ရတော့တဲ့အတွက် LG အနေနဲ့ နောက်ဆုံးတော့ Under-display Fingerprint Sensor ကို ပြောင်းသုံးလာတဲ့ပုံစံပါပဲ။
Camera ပိုင်းအနေနဲ့လည်း ကြည့်ရတာ LG ကနေ တခြားသော စမတ်ဖုန်းတွေက Triple Camera တွေကို အသုံးပြုလာပေမယ့်လည်း Dual Camera ကိုပဲ ဆက်လက်အသုံးပြုလာမယ့်ပုံစံပါပဲ။ Render ဓါတ်ပုံတွေအရတော့ Camera Bump လုံးဝမရှိတာကတော်တော်လေးကို လှနေပါတယ်။
ကျန်တဲ့အချက်အနေနဲ့ကတော့ Power နဲ့ Volume Keys တွေအပြင် Google Assistant Button ၊ 3.5mm Audio Port နဲ့ USB-C Port တွေပါဝင်မှာဖြစ်ပါတယ်။ အခု LG G8X ThinQ ဖုန်းဟာ Flagship Level စမတ်ဖုန်းတစ်ခုဖြစ်တဲ့အတွက် Snapdragon 855 ဒါမှမဟုတ် 855 Plus Processor ကို အနည်းဆုံး RAM 8GB နဲ့ အတူတွဲဖက်လာနိုင်ပါတယ်။
IFA 2019 ဟာ လာမယ့် စက်တင်ဘာလ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အတွင်း ကျင်းပသွားမှာဖြစ်တဲ့အတွက် အခု LG G8X ThinQ ဖုန်းကို အဆိုပါအချိန်အတွင်းမှာ မိတ်ဆက်လာနိုင်ပါတယ်။
Ref – Phone Arena