LG ကုမ္ပဏီကနေ အိန္ဒိယနိုင်ငံမှာ K7i အမည်ရှိတဲ့ စမတ်ဖုန်းသစ်တစ်ခုကို မိတ်ဆက်ခဲ့ပြီး အဆိုပါဖုန်းမှာ တခြားဘယ်ဖုန်းတွေမှာမှ မရှိသေးတဲ့နည်းပညာတစ်ခုပါဝင်နေပါတယ်။ အဲ့ဒါကတော့ ခြင်ပြေးစက်ကိုဖုန်းရဲ့နောက်ကျောဘက်မှာ တပ်ဆင်ထားတာပဲဖြစ်ပါတယ်။

ဘာကြောင့် LG ကို ဒီလိုမျိုး ခြင်ပြေးစက်ကို ဖုန်းမှာတပ်ဆင်ဖို့ စိတ်ကူးရရှိခဲ့လဲဆိုတာကို မသိပေမယ့် K7i ဖုန်းရဲ့ Mosquito Away နည်းပညာဟာ လူ့နားကနေမကြားနိုင်တဲ့ Ultrasonic Noise တွေကို ထုတ်ပေးပြီး ဖုန်းကို အသုံးပြုပေးနေတဲ့အချိန်မှာ ခြင်တွေအနားမကပ်နိုင်အောင် ဆောင်ရွက်ပေးမယ်လို့ဆိုပါတယ်။

အဆိုပါ Mosquito Away နည်းပညာပါဝင်တဲ့ နောက်ဖုံးကို အသုံးမပြုချင်ရင်လည်း ပုံမှန်အတိုင်း Mosquito Away နည်းပညာမပါဝင်တဲ့ ပုံမှန် နောက်ဖုံးကိုပါ ပြောင်းလဲတပ်ဆင်နိုင်မှာပါ။ LG ကတော့ အခုနည်းပညာဟာ စမတ်ဖုန်းတွေမှာ ပထမဆုံးပါဝင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် LG K7i က ပုံမှန် Budget ဖုန်းတစ်ခုပဲဖြစ်ပြီး ၅ လက်မအရွယ် 854×480 Resolution Screen, 1.1GHz Quad Core Processor, 2GB RAM နဲ့ 16GB Storage ပါဝင်မှာဖြစ်ပါတယ်။ အခြားအချက်တွေအနေနဲ့တော့ Dual SIM Support, 8MP Back Camera နဲ့ 5MP Front Selfie Camera ပါဝင်မှာဖြစ်ပြီး Fingerprint Scanner ပါ ပါဝင်ဦးမှာပါ။ Battery ကလည်း 2500mAh ဆိုတော့ မဆိုးဘူးလို့ပြောလို့ရမှာပါ။

LG K7i ဖုန်းကို ဒေါ်လာ ၁၂၁ ဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်ပြီး Android Version 6.0 ပဲအသုံးပြုထားတဲ့အတွက် Software ပိုင်းအနေနဲ့ အနည်းငယ်နောက်ကျနေပြီဖြစ်ပြီး System Update လည်း ရရှိမယ်လို့ ပြောကြားထားခြင်းမရှိပါဘူး။