Nothing ဟာ စမတ်ဖုန်းကုမ္ပဏီတွေထဲမှာ နောက်ကျောဘက်ကို Transparent Design အပြင် Glyph Lighting တွေပါဝင်တဲ့ ဒီဇိုင်းကို စတင်လမ်းဖောက်ခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ မကြာသေးခင်တုန်းကလည်း Nothing ကနေ ပိုပြီး စွမ်းဆောင်ရည်ပိုင်းအဆင့်မြှင့်တင်ထားတဲ့ Nothing Phone (2) ကို မိတ်ဆက်ထားခဲ့ပါတယ်။

အခုလည်း အဆိုပါ Nothing Phone (2) နဲ့ တော်တော်လေး ဒီဇိုင်းပိုင်းဆင်တူတဲ့ဖုန်းတစ်လုံးကို Infinix Brand ကနေ ဆောင်ရွက်နေပြီလို့ သိရပါတယ်။ Infinix ကတော့ အဆိုပါ စမတ်ဖုန်းကို Infinix GT 10 Pro+ လို့ ခေါ်ဆိုထားမယ်လို့ သိရပြီး GT 10 Pro အမည်နဲ့ ဖုန်းကိုပါ တွဲဖက်မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Infinix GT 10 Pro+ ရဲ့ ထူးခြားချက်က နောက်ကျောဘက်ကို Transparent Design ပြုလုပ်ထားတာဖြစ်ပြီး Glyph Lighting ပါဝင်မလားဆိုတာကို မသိရှိရသေးပေမယ့် အတွင်းဘက် ပုံစံက Nothing Phone (2) နဲ့ တော်တော်လေးကို ဆင်တူနေပါတယ်။ ဒါပေမယ့် သာမန် Infinix GT 10 Pro ဖုန်းမှာတော့ Transparent Back Design ပါဝင်မှာမဟုတ်ဘဲ သာမန် Back Design ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

Infinix GT 10 Pro Series ဖုန်းတွေဟာ Infinix ရဲ့ Gaming Series ဖုန်းတွေအနေနဲ့ မိတ်ဆက်သွားမှာဖြစ်ပြီး Full HD+ Display ၊​ 5000mAh Battery နဲ့ 108MP Main Camera နဲ့ 32MP Selfie Camera တွေပါဝင်မှာဖြစ်ပါတယ်။

Infinix GT 10 Pro ဖုန်းဟာ MediaTek Dimensity 1300 Chipset ကိုမှ 8GB RAM ၊​ 256GB Storage တွေပါဝင်မှာဖြစ်ပြီး GT 10 Pro+ ဖုန်းမှာတော့ Dimensity 8050 Chipset ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

Ref – Gizmo China