Zawgyi






Ref – The Verge

Unicode

Mario Kart ဂိမ်းက လူတိုင်းအတွက် ငယ်ဘဝအမှတ်တရအဖြစ်ဆုံးဂိမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ Nintendo ကနေ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်စထဲက ကြေညာထားခဲ့ပြီးတော့ ကြားထဲမှာ Delay ဖြစ်သွားတဲ့ Mario Kart Tour Mobile Game ဟာအခုအချိန်မှာတော့ Download ပြုလုပ်ဆော့ကစားနိုင်မယ့်အချိန်ကို ကြေညာလိုက်ပြီဖြစ်ပါတယ်။

Nintendo က ယခုသတင်းကို Twitter Account မှာ တင်ထားခဲ့တာဖြစ်ပြီးတော့ လာမယ့် စက်တင်ဘာလ ၂၅ ရက်နေ့မှာ Android ရော၊ iOS ၂ မျိုးစလုံးမှာ စတင်ပြီး Download ပြုလုပ်ဆော့ကစားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ဒ့ါအပြင် Android အတွက် Beta Program ကိုပါ ဖွင့်ပေးလိုက်ပါပြီ။

Mario Kart Tour ဂိမ်းဟာ Free-to-Play ဂိမ်းတစ်ခုဖြစ်လာမယ်ဆိုပေမယ့် Nintendo ရဲ့ တခြားသော Mobile Game တွေဖြစ်တဲ့ Fire Emblem Heroes နဲ့ Dr. Mario World လိုမျိုးပဲ ဂိမ်းအတွင်းမှာ ဝယ်ယူဖို့လိုအပ်တဲ့ Micro-transaction တွေနဲ့ Cooldown Timer တွေတော့ ပါဝင်လာဖို့များနေပါတယ်။ ယခင် Mobile Game တွေတုန်းကတုန်း Paid-to-Win ပုံစံဖြစ်နေလို့ ဝေဖန်မှုတွေလည်း ခံရခဲ့တော့ Free Player တွေအတွက်လည်း Nintendo က တစ်ခုခုပြန်လည်ပြင်ဆင်လာမယ်လို့လည်း ယူဆရပါတယ်။

Gameplay ပိုင်းအနေနဲ့ကတော့ Mario Kart ဂိမ်းက Multiplayer ဦးစားပေးဂိမ်းအမျိုးအစားဖြစ်တဲ့အတွက် Friends Request ပြုလုပ်ပြီး သူငယ်ချင်းတွေနဲ့ ကစားနိုင်မှာဖြစ်သလို Mario Character မျိုးစုံနဲ့ Kart တွေကိုလည်း စိတ်ကြိုက်ရွေးချယ်လာနိုင်ပါတယ်။ ဖြစ်နိုင်တာ လက်ရှိ Nintendo Switch မှာ ဆော့ကစားနိုင်တဲ့ Mario Kart ပုံစံမျိုးဖြစ်လာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကလေးဘဝတုန်းက Mario Kart Tour ဂိမ်းကို ဖုန်းမှာ ဆော့ကစားချင်တယ်ဆိုရင်တော့ အခုပဲ Pre-register ပြုလုပ်ထားနိုင်ပါပြီ။

Ref – The Verge