[Zawgyi]

Huawei Mate X ကို MWC 2019 မွာ တရားဝင္ ထုတ္ျပခဲ့တဲ့အခ်ိန္ဟာ အခုဆိုရင္ ၅ လေက်ာ္ခဲ့ၿပီ ျဖစ္ပါတယ္။ ဇူလိုင္လ ဒုတိယပတ္ကုန္ဆုံးခ်ိန္မွာလည္း Mate X ပိုစတာေတြကို တ႐ုတ္ျပည္တြင္း အေရာင္းဆိုင္ေတြမွာ ေနရာခ်ထားလိုက္တဲ့ သတင္းထြက္ေပၚလာတာေၾကာင့္ ေဈးကြက္ထဲျဖန႔္ခ်ိမယ့္ရက္က သိပ္မလိုေတာ့ဘူးလို႔ ယူဆခဲ့ၾကပါတယ္။

ဒါေပမယ့္ သိပ္မၾကာခင္ကမွ Huawei ရဲ႕ Consumer Business Mobile Line Director He Gang နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးအရ Mate X ဟာ ေရာင္းခ်ဖို႔ အခ်ိန္အတိုင္းအတာတစ္ခု လိုအပ္ေနေသးတယ္လို႔ ေကာက္ခ်က္ခ်ႏိုင္ပါတယ္။ အထူးသျဖင့္ ၿပိဳင္ဘက္ Galaxy Fold လိုမ်ိဴး ျပႆနာ မျဖစ္ေပၚေစဖို႔နဲ႔ အၾကမ္းခံမႈအတြက္ ၿပီးျပည့္စုံတဲ့ ျပင္ဆင္မႈေတြ မျပဳလုပ္ရေသးဘူးလို႔လည္း သတင္းထြက္ထားတာ ျဖစ္ပါတယ္။

He Gang ရဲ႕ ေျပာဆိုမႈအရ Huawei ဟာ Mate X ကို ကုမၸဏီရဲ႕ တင္းၾကပ္တဲ့အရည္အေသြးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ ကိုက္ညီေအာင္ ျပဳလုပ္ေနဆဲျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Mate X ဟာ မူလကနဲ႔မတူဘဲ ဒီဇိုင္းသစ္နဲ႔ ျပင္ဆင္မႈအသစ္ေတြေၾကာင့္ ပိုၿပီးေတာ့ စိန္ေခၚမႈေတြနဲ႔ ျပည့္ႏွက္ေနတယ္လို႔ ဆိုပါတယ္။

“Huawei ရဲ႕ အရည္အေသြးပိုင္းဆိုင္ရာေတာင္းဆိုမႈက အရမ္းပဲျမင့္မားတယ္ဆိုတာကို လူတိုင္းရွင္းရွင္းလင္းလင္း သိေစခ်င္ပါတယ္။ အကယ္၍ အရည္အေသြးပိုင္းဆိုင္ရာ သတ္မွတ္ခ်က္နဲ႔မကိုက္ညီဘူးဆိုရင္ ဒီထုတ္ကုန္ကို ေဈးကြက္ထဲ မပို႔ေဆာင္ပါဘူး” လို႔ He Gang က ေျပာပါတယ္။

Huawei ရဲ႕ Mate X ဟာ မ်က္ႏွာျပင္ကို အျပင္ဘက္မွာ ထားရွိတဲ့အတြက္ ေရရွည္အၾကမ္းခံႏိုင္မႈ၊ မေတာ္တဆ ထိခိုက္မႈေတြကို ခံႏိုင္ရည္ရွိမႈေတြနဲ႔ ပတ္သက္ၿပီး အေတာ္မ်ားမ်ားက စိတ္ဝင္တစား ေမးခြန္းထုတ္ေနၾကတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ He Gang ရဲ႕ေျပာစကားအရ Huawei ဟာ ေဈးကြက္ထဲကို အလ်င္စလို ပို႔ေဆာင္ဖို႔ထက္ အရည္အေသြးကိုပဲ အာ႐ုံစိုက္ေနတယ္လို႔ ဆိုရမွာပါ။

“ကြၽန္ေတာ္တို႔ဟာ Mate X ေပၚမွာ ေလးေလးနက္နက္ကို ျမႇဳပ္ႏွံထားတာပါ။ Samsung ရဲ႕ ထုတ္ကုန္က ေဈးကြက္ထဲကိုေရာက္သြားမယ္ဆိုရင္ေတာင္မွ အဲဒါက ကြၽန္ေတာ္တို႔အတြက္ အဓိကအခ်က္လို႔ သေဘာမထားပါဘူး။ အဓိကအခ်က္လို႔ ကြၽန္ေတာ္တို႔မွတ္ယူထားတာက သုံးစြဲသူေတြ ကြၽန္ေတာ္တို႔ထုတ္ကုန္ကို သုံးစြဲတဲ့အခါမွာ ျမင့္မားတဲ့အရည္အေသြးကို ရရွိဖို႔နဲ႔ အေကာင္းဆုံး သုံးစြဲမႈအေတြ႕အႀကဳံကို ရရွိေစဖို႔ပါပဲ” လို႔ He Gang က ေျပာၾကားထားပါတယ္။

Ref: GSM Arena

[Unicode]

Galaxy Fold ထက် နောက်ကျပြီးမှ ဈေးကွက်ထဲရောက်လာဖွယ်ရှိတဲ့ Huawei ရဲ့ Mate X

Huawei Mate X ကို MWC 2019 မှာ တရားဝင် ထုတ်ပြခဲ့တဲ့အချိန်ဟာ အခုဆိုရင် ၅ လကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ဇူလိုင်လ ဒုတိယပတ်ကုန်ဆုံးချိန်မှာလည်း Mate X ပိုစတာတွေကို တရုတ်ပြည်တွင်း အရောင်းဆိုင်တွေမှာ နေရာချထားလိုက်တဲ့ သတင်းထွက်ပေါ်လာတာကြောင့် ဈေးကွက်ထဲဖြန့်ချိမယ့်ရက်က သိပ်မလိုတော့ဘူးလို့ ယူဆခဲ့ကြပါတယ်။

ဒါပေမယ့် သိပ်မကြာခင်ကမှ Huawei ရဲ့ Consumer Business Mobile Line Director He Gang နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအရ Mate X ဟာ ရောင်းချဖို့ အချိန်အတိုင်းအတာတစ်ခု လိုအပ်နေသေးတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ အထူးသဖြင့် ပြိုင်ဘက် Galaxy Fold ပြဿနာ မဖြစ်ပေါ်စေဖို့နဲ့ အကြမ်းခံမှုအတွက် ပြီးပြည့်စုံတဲ့ ပြင်ဆင်မှုတွေ မပြုလုပ်ရသေးဘူးလို့လည်း သတင်းထွက်ထားတာ ဖြစ်ပါတယ်။

He Gang ရဲ့ ပြောဆိုမှုအရ Huawei ဟာ Mate X ကို ကုမ္ပဏီရဲ့ တင်းကြပ်တဲ့အရည်အသွေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီအောင် ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Mate X ဟာ မူလကနဲ့မတူဘဲ ဒီဇိုင်းသစ်နဲ့ ပြင်ဆင်မှုအသစ်တွေကြောင့် ပိုပြီးတော့ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုပါတယ်။

“Huawei ရဲ့ အရည်အသွေးပိုင်းဆိုင်ရာတောင်းဆိုမှုက အရမ်းပဲမြင့်မားတယ်ဆိုတာကို လူတိုင်းရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။ အကယ်၍ အရည်အသွေးပိုင်းဆိုင်ရာ သတ်မှတ်ချက်နဲ့မကိုက်ညီဘူးဆိုရင် ဒီထုတ်ကုန်ကို ဈေးကွက်ထဲ မပို့ဆောင်ပါဘူး” လို့ He Gang က ပြောပါတယ်။

Huawei ရဲ့ Mate X ဟာ မျက်နှာပြင်ကို အပြင်ဘက်မှာ ထားရှိတဲ့အတွက် ရေရှည်အကြမ်းခံနိုင်မှု၊ မတော်တဆ ထိခိုက်မှုတွေကို ခံနိုင်ရည်ရှိမှုတွေနဲ့ ပတ်သက်ပြီး အတော်များများက စိတ်ဝင်တစား မေးခွန်းထုတ်နေကြတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် He Gang ရဲ့ပြောစကားအရ Huawei ဟာ ဈေးကွက်ထဲကို အလျင်စလို ပို့ဆောင်ဖို့ထက် အရည်အသွေးကိုပဲ အာရုံစိုက်နေတယ်လို့ ဆိုရမှာပါ။

“ကျွန်တော်တို့ဟာ Mate X ပေါ်မှာ လေးလေးနက်နက်ကို မြှုပ်နှံထားတာပါ။ Samsung ရဲ့ ထုတ်ကုန်က ဈေးကွက်ထဲကိုရောက်သွားမယ်ဆိုရင်တောင်မှ အဲဒါက ကျွန်တော်တို့အတွက် အဓိကအချက်လို့ သဘောမထားပါဘူး။ အဓိကအချက်လို့ ကျွန်တော်တို့မှတ်ယူထားတာက သုံးစွဲသူတွေ ကျွန်တော်တို့ထုတ်ကုန်ကို သုံးစွဲတဲ့အခါမှာ မြင့်မားတဲ့အရည်အသွေးကို ရရှိဖို့နဲ့ အကောင်းဆုံး သုံးစွဲမှုအတွေ့အကြုံကို ရရှိစေဖို့ပါပဲ” လို့ He Gang က ပြောကြားထားပါတယ်။

Ref: GSM Arena