ရန်ကုန်၊ မြန်မာ – အောက်တိုဘာ ၃၁ရက် ၂၀၁၈ ခုနှစ် – Huawei Device Myanmar သည် ကြာရှည်စွာမျှော်လင့်စောင့်စားခဲ့ရသည့် စမတ်ဖုန်းလောကတွင် လွှမ်းမိုးမှုအရှိဆုံးနှင့် အဆင့်မြင့် နည်းပညာများဖြင့် ဒီဇိုင်းပြုလုပ်ထားသည့် Huawei Mate 20 Series ကို မြန်မာနိုင်ငံတွင် Lotte Hotel ၌ မီဒီယာမှ မိတ်ဆွေများထံသို့ တရားဝင် မိတ်ဆက်ပေးလိုက်သည်။

 

Huawei Mate 20 နှင့် Mate 20 Pro တွင် ခမ်းနားလှပသည့် ၆.၅ လက်မ အရွယ် နှင်းစက်ပုံစံ မျက်နှာပြင် နှင့် ၆.၃၉ လက်မ အရွယ် light-emitting diode (OLED) full view မျက်နှာပြင်တို့ အသီးသီးပါရှိပြီး ပိုမိုကျယ်ပြန့်သော ရှုထောင့်ကို ရိုက်ကူးနိုင်စေရန် Leica မှန်ဘီလူး ကင်မရာ သုံးခု ၊ အချိန်ကြာမြင့်စွာ သုံးစွဲနိုင်မည့် ဘတ္ထရီ တို့နှင့်အတူ Fast Charging နှင့် Super Charging စနစ်တို့လည်းပါဝင်လာသည်။

ကောင်းမွန်သည့် စွမ်းဆောင်မှုများကို သယ်ဆောင်လာသည့် နောက်ဆုံးပေါ် Flagship ထုတ်ကုန်ကို ကမ္ဘာတစ်ဝှမ်းက ချီးမွမ်းခဲ့ကြပြီး ရှန်ဟိုင်း၊ တရုတ်နှင့် စင်ကာပူတို့တွင် လူအများအပြားမှာ Pre-Order ရယူနိုင်ရန် မနက် ၆ နာရီမှ စတင်၍ တန်းစီ စောင့်ဆိုင်းခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဂျာမန်၊ ပြင်သစ်နိုင်ငံမှ မီဒီယာများက နံပါတ် ၁ ဦးစားပေးဝယ်ယူရမည့် ထုတ်ကုန်ဟု ဖော်ပြခဲ့ကြသည်။

ပြိုင်ဖက်ကင်းသည့် Flagship ထုတ်ကုန်သစ်သည် ပထမဆုံး စမတ်ဖုန်း Matrix Camera System တွင် အထင်ကရ Four-Point Design အား ထည့်သွင်းထားပြီး အဆိုပါအချက်ကြောင့် အဝေးမှပင် Huawei Mate 20 Series ထုတ်ကုန်ကို ခွဲခြားသိရှိနိုင်မည်ဖြစ်သည်။ Huawei အနေဖြင့် စမတ်ဖုန်းဖြင့် ပရော်ဖက်ရှင်နယ် ဓာတ်ပုံရိုက်ကူးနိုင်ရန် Leica Ultra-Wide Angle Lens ထည့်သွင်းထားပြီး Huawei Mate 20 Pro တွင် 40MP Wide Angle ၊ 20MP Ultra-Wide Angle နှင့် 3x Telephoto ရိုက်ကူးနိုင်သည့် 8MP ရှိ အနောက်ဘက် ကင်မရာတို့ ပါဝင်ကာ Huawei Mate 20 တွင် 16MP ultra-wide angle၊ 12MP wide angle နှင့် 2x Telephoto ရိုက်ကူးနိုင်သည့် 8MP ရှိ အနောက်ဘက် ကင်မရာတို့ ပါဝင်ပြီး နှစ်မျိုးလုံးတွင် 24MP ရှေ့ကင်မရာ ထည့်သွင်းထားသည်။ သုံးစွဲသူများအနေဖြင့် ပိုမို ကျယ်ပြန့်စွာနှင့် ပိုမိုနီးကပ်စွာ မြင်နိုင်ပြီး သာလွန်ကောင်းမွန်သည့် Micro Distance စွမ်းဆောင်ရည်နှင့် အလင်းရောင်အားနည်းသည့် အခြေအနေတွင်ပင်လျှင် အသေးစိတ်ရိုက်ကူးနိုင်ရန်နှင့် အရောင်ထွက် တိကျမှုကို ပံ့ပိုးပေးထားသည်။

Huawei Mate 20 Pro သည် ဈေးကွက်ထဲတွင် အကောင်းဆုံး Flagship ဘတ္ထရီသက်တမ်းအဖြစ် တီထွင်ဖန်တီးထားပြီး လိုက်ဖက်ညီအောင် ဆောင်ရွက်ထားသည့် ဆင့်ပွား လေ့လာချက်များ ထည့်သွင်းထားကာ သုံးစွဲသူများကို တာရှည် အသုံးခံသည့် ဘတ္ထရီ၏ အမြင့်မားဆုံး လုပ်ဆောင်ချက်အတွေ့အကြုံရရှိစေရန် 40W Huawei Supercharge နည်းပညာအသစ်၊ 15W ကြိုးမဲ့ အမြန်အားသွင်းခြင်း (ဖုန်းလောကတွင် အမြန်ဆုံး ကြိုးမဲ့ အားသွင်းစနစ်) နှင့် ကြီးမားသည့် ဘတ္ထရီ (4200 mAh) တို့ကို Huawei Mate 20 Pro တွင် ထည့်သွင်းထားပါသည်။ ထို့ပြင် စမတ်ဖုန်းအသစ်၏ အားသွင်းသည့် စနစ်မှာ Real Game-Changer ဖြစ်ပြီး သမိုင်းတွင်မည့် Huawei Mate 20 Pro တွင် ကြိုးမဲ့ အားသွင်းစနစ်ကို ပံ့ပိုးထားသည့် အီလက်ထရွန်းနစ် ထုတ်ကုန်များတွင် Power Bank တစ်လုံးကဲ့သို့ အသုံးပြုနိုင်မည့် Wireless Reverse Charge လည်း ပါဝင်ထားသည်။

သုံးစွဲသူများအနေဖြင့် Huawei Mate 20 Pro တွင် တစ်မူထူးခြားသည့် in-screen fingerprint နှင့် ၂၀ ရာခိုင်နှုန်း အထိ တိုးတက်မြန်ဆန်လာသည့် unlock speed တို့ကို တွေ့ကြုံခံစားရမည်ဖြစ်ပါသည်။ Huawei Mate 20 တွင် 22.5W ရှိ Huawei Supercharge နှင့် ကြီးမားသည့် 4000 mAh ရှိ ဘက်ထရီ သက်တမ်း တို့ ထောက်ပံ့ပေးထားပါသည်။

“Huawei Mate 20 Series က ၂၀၁၈ ထဲမှာ မိတ်ဆက်ထားတဲ့ တခြား စမတ်ဖုန်းတွေရှေ့မှာ ဦးဆောင်နေတဲ့ တကယ့် Game-Changer ဖြစ်ပြီး မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် အကောင်းဆုံးသော “mate (မိတ်ဆွေ)” အဖြစ် ရပ်တည်ပေးဖို့ ဒီဇိုင်းဖန်တီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ သတ်မှတ်ချက်၊ လုပ်ဆောင်ချက်အားလုံးမှာ သက်သေထူနိုင်တဲ့ မြင့်မားတဲ့ အသိဉာဏ်ကနေ သာလွန်ကောင်းမွန်တဲ့ မျှော်လင့်ချက်တွေဖြစ်တဲ့ AI လုပ်နိုင်စွမ်း၊ အားကောင်းတဲ့ ကင်မရာ နဲ့ ပြိုင်ဖက်ကင်း ဘတ္ထရီ စွမ်းဆောင်ရည်၊ Processor နဲ့ RAM အမြန်နှုန်း၊ Wi-Fi Downloads နဲ့ တိကျတဲ့ GPS တွေ ပါဝင်ပါတယ်။ Huawei Mate 20 Series က စမတ်ဖုန်းတွေရဲ့ မျိုးဆက်သစ်၊ ပိုမိုကြွယ်ဝပြီး ပိုမို စိတ်တိုင်းကျ ကျေနပ်မယ့် လူနေမှုဘဝအတွက် ဒီဇိုင်းဖန်တီးထားတဲ့ ဒီ ဟန်းဆက်က အားလုံးရဲ့ ဘဝတွေကို ပိုမိုကောင်းမွန်စေအောင် ဆောင်ရွက်ပေးမယ့် မျိုးဆက်တစ်ခု ဆိုတာကို ကျွန်မတို့အနေနဲ့ ယုံကြည်မှုရှိရှိ ပြောကြားချင်ပါတယ်” ဟု Huawei Device Myanmar ၏ Marketing Director ဖြစ်သူ မခင်ရတနာဝင်းက ပြောကြားသည်။

Huawei Mate 20 နှင့် Huawei Mate 20 Pro ဖုန်းနှစ်မျိုးစလုံးတွင် Kirin 980 နှင့် Huawei ၏ အမြင့်မားဆုံးသော စွမ်းဆောင်ရည် စနစ်ဖြစ်သည့် chip to date (6.9 ဘီလီယံ transistors ပါဝင်သည့် ကမ္ဘာ့ပထမဆုံးသော 7nm စနစ်ရှိ chip) တို့သည် အချက်အလက်များကို ယခင်ထက် ပိုမိုလျင်မြန်စွာ လုပ်ဆောင် နိုင်ကြပါသည်။ ပိုမိုအဆင်ပြေချောမွေ့သော လူနေမှုဘဝအား သုံးစွဲသူများမှ ကမ္ဘာ့ပထမဆုံးသော အကြီး၊ အလတ် နှင့် သေးငယ်သော ဗိသုကာနည်းပညာဖြင့် ဖွဲ့စည်းထားသည့် A76 Cortex ကြောင့် ရရှိနိုင်တော့မှာဖြစ်သည်။

အဆင့်မြင့် gaming နှင့် graphic အတွေ့အကြုံကို မျှော်မှန်ထားသူများအတွက် Kirin 980 သည် နောက်ဆုံးပေါ် graphic engine ဖြစ်သည့် ကမ္ဘာ့ပထမဆုံးသော Mali-G76 GPU ဖြစ်ပါသည်။

 

၎င်း Chipset သည် ကမ္ဘာ့အသိပ်သည်းဆုံးနှင့် စွမ်းဆောင်ရည် အမြင့်မားဆုံး on-device AI Processing Unit ဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံး Dual-NPU AI၊ ပိုမိုမြင့်မားသည့် AI လုပ်နိုင်စွမ်းအပါအဝင် ဓာတ်ပုံ ရိုက်ကူးရေး Modes နှင့် Real-Time ဗီဒီယို တည်းဖြတ်နိုင်ခြင်းနှင့် ထူးခြားကောင်းမွန်သည့် Effect များလည်း ပါဝင်ထားသည်။ Huawei Mate 20 တွင် မျက်နှာ၊ အရာဝတ္ထုများကို မှတ်သားနိုင်စွမ်း ၁၂၀ ရာခိုင်နှုန်းထိ ပါဝင်လာပြီး ရွေ့လျားနေသည့် အရာဝတ္ထုများနှင့် မြင်ကွင်းများအတွက် ကြိုတင်သိရှိနိုင်သည့် AI 4D Autofocus အပါအဝင် ဓာတ်ပုံအရောင်များကို ခွဲခြားသိရှိနိုင်မည်ဖြစ်သည်။

ထို့အပြင် Huawei Mate 20 Pro သည် ဝ.၅ စက္ကန့်အတွင်း လျင်မြန်စွာ unlock လုပ်နိုင်သည့်အပြင် သုံးစွဲသူများကို နေ့အချိန်တွင်သော်လည်းကောင်း၊ ညအချိန်တွင်သော်လည်းကောင်း လျင်မြန်စွာနှင့် တိကျစွာ unlocking အတွေ့အကြုံ ပေးစွမ်းနိုင်ပြီး လူနေမှုဘဝကိုပိုမို ရိုးရှင်း စမတ်ကျ လွယ်ကူစေရန် ဉာဏ်ရည်မြင့် Face Unlock အတွေ့အကြုံ ပေးစွမ်းနိုင်သည့် AI ၏ စွမ်းဆောင်ရည်အသုံးပြုထားသော 3D Face Unlock Advanced Facial Recognition နှင့် 3D Depth sensing တို့ပါဝင်ပါသည်။

အသစ်တစ်ဖန် ဆန်းသစ်ဖွံ့ဖြိုးတိုတက်မှုအဖြစ် Huawei မှ ၎င်း၏ Mate 20 Series တွင် micro SD card ထက် ၄၅ ရာခိုင်နှုန်း သေးငယ်ပြီး SIM card နှင့်အတူ slot တစ်ခုတည်းတွင် ထည့်သွင်းအသုံးပြုနိုင်သည့် ကမ္ဘာ့ပထမဆုံးသော ဆန်းသစ်သော storage media standard၊ Nano Memory Card ကိုမိတ်ဆက်ပေးခဲ့ပါသည်။

ထို့အပြင် ယခု မိတ်ဆက်ပွဲနှင့်အတူ ယခုနှစ်ဇွန်လတွင် ကျင်းပခဲ့သည့် Huawei NEXT IMAGE Awards ပြိုင်ပွဲ၌ အနိုင်ရရှိခဲ့သည့် မြန်မာနိုင်ငံမှ ဓာတ်ပုံပညာရှင် နှစ်ဦးဖြစ်သည့် ကိုလှိုင်မြင့်မင်း နှင့် ကိုသန်းထွန်းဦး တို့ကိုလည်း ဆုလက်ဆောင်များ ပေးအပ်ခဲ့သည်။ ကိုလှိုင်မြင့်မင်း မှ Huawei P20 Pro ဖြင့် ရိုက်ကူးထားသော “Life in Color” ဟု အမည်ပေးထားသည့် ပုံရိပ်ဖြင့် အနိုင်ရရှိခဲ့ပြီး ကိုသန်းထွန်းဦး မှ Huawei P9 ဖြင့် ရိုက်ကူးထားသော “Cleaning” ဟု အမည်ပေးထားသော ပုံရိပ်ဖြင့် အနိုင်ရရှိခဲ့သည်။

နှစ်စဉ်ကျင်းပလေ့ရှိသည့် NEXT-IMAGE Awards သည် ပိုမိုပရော်ဖက်ရှင်နယ်ဆန်ပြီး အလိုအလျောက်သိရှိနိုင်သည့် စမတ်ဖုန်းများမှ တဆင့် အမြင်အာရုံပိုင်းဆိုင်ရာ အဓိပ္ပါယ်ဖော်ဆောင်မှု နှင့် အလေ့အထကို ပြန်လည်အနက်အဓိပ္ပါယ်ဖော်ဆောင်ပေးမည့် Huawei ၏ NEXT-IMAGE အစီအစဉ်အား ထောက်ပံ့ပေးသည့် ဆုတစ်ခုဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့သည့် ယခု ဆုအမျိုးအစားသည် ကမ္ဘာတစ်လွှားတွင်ရှိသည့် Huawei စမတ်ဖုန်းသုံးစွဲသူများမှ ၎င်းတို့၏ အကောင်းဆုံးအနုပညာဆန်သည့်ရိုက်ချက်များအား ကမ္ဘာတစ်လွှားရှိ ပရိတ်သတ်များထံသို့ ပြသနိုင်မည့် အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် Huawei Mate 20 Pro ကို Emerald Green နှင့် Black အရောင်ဖြင့် ရရှိနိုင်ပြီး Huawei Mate 20 ကို Midnight Blue နှင့် Twilight အရောင်တို့ဖြင့် ရရှိနိုင်မည်ဖြစ်သည်။ Huawei Mate 20 အား မြန်မာငွေကျပ် ၁,၀၉၉,၀၀၀ ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး Huawei Mate 20 Pro အား မြန်မာငွေကျပ် ၁,၄၉၉,၀၀၀ ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

နိုဝင်ဘာလ ၁ ရက်နေ့ မှ နိုဝင်ဘာလ ၉ ရက်နေ့အထိကို Pre-Order ကာလအဖြစ် သတ်မှတ်ထားပြီး ပထမဆုံးသော အရောင်းပွဲကို Junction City တွင် နိုဝင်ဘာလ ၁၀ ရက်နေ့ ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။