MediaTek ဟာ စမတ်ဖုန်း၊ Chromebook ၊ စမတ်တီဗီ၊ IoT Device အပါအဝင် Device မျိုးစုံအတွက် Chipset တွေ ထုတ်လုပ်ရောင်းချနေတဲ့ ထိပ်တန်း ကုမ္ပဏီ ၁ ခု ဖြစ်ပါတယ်။ ကုမ္ပဏီဟာ Qualcomm နဲ့ Samsung တို့ကို ယှဉ်ပြိုင်နိုင်တဲ့ 5G Modem တွေကို ဖန်တီးနေပါတယ်။

MediaTek T800 5G modem announced; delivers download speed of 7.9Gbps - Gizmochina

အခုတော့ MediaTek က 7.9Gbps Download Speed ရတဲ့ T800 5G Modem ကို ကြေညာလိုက်ပါတယ်။ အဲဒါဟာ အသစ် ကြေညာလိုက်တဲ့ MediaTek Dimensity 9200 SoC ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

MediaTek T800 ဟာ T700 ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး StandAlone (SA) နဲ့ Non-StandAlone (NSA) Network တွေမှာ sub-6GHz နဲ့ mmWave တွေကို ထောက်ပံ့တဲ့ စွမ်းရည်မြင့် Modem ဖြစ်ပါတယ်။

MediaTek Unveils Super Fast and Power-Efficient 5G Thin Modem Solution for Unparalleled 5G Experiences Beyond Smartphones - PR Newswire APAC

Dual SIM Dual Standby လုပ်ဆောင်ချက်ကို ထောက်ပံ့ပြီး 7.9Gbps Download Speed နဲ့ 4.2Gbps Upload Speed တွေကို ပံ့ပိုးပေးနိုင်ပါတယ်။ နှိုင်းယှဉ်ရရင် Qualcomm ရဲ့ Snapdragon X70 Modem ဟာ 10Gbps Download Speed နဲ့ 3.5Gbps Upload Speed ရရှိပါတယ်။

MediaTek T800 5G Modem ဟာ 4nm Node ကို အခြေပြု တည်ဆောက်ထားတာ ဖြစ်ပြီး စွမ်းအင် စားသုံးမှု သက်သာစေတဲ့ 5G UltraSave နည်းပညာ ပါပါတယ်။ PCIe နဲ့ USB Host Interface ကို ထောက်ပံ့ပေမယ့် တခြား နေရာတွေကနေလည်း ချိတ်ဆက်နိုင်ပါတယ်။

Ref : gizmochina