Meizu 17 ကြေညာမယ့်နေ့နဲ့ ပတ်သက်ပြီး သတင်းအမျိုးမျိုး ထွက်ခဲ့ပါတယ်။ အခုတော့ ကောလဟာလ သတင်းတွေ အဆုံးသတ်သွားပါပြီ။ Meizu က စွမ်းဆောင်ရည်မြင့် Meizu 17 ကို မေလ ၈ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

Meizu 17 မှာ အရမ်းပါးလွှာတဲ့ မျက်နှာပြင် ဘေးဘောင်တွေ ပါလာမှာ ဖြစ်တဲ့အတွက် ဒီဇိုင်းက အရမ်း မိုက်မှာပါ။ မျက်နှာပြင်ရဲ့ ဘယ်ဘက်အထက်က Punch Hole မှာ ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပြီး ကွေးညွှတ် မျက်နှာပြင် မဟုတ်ဘဲ မျက်နှာပြင် အပြား ဖြစ်နိုင်ပါတယ်။

Snapdragon 865 Chipset ပါတဲ့ Meizu ရဲ့ ပထမဆုံး စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်ပြီး အဲဒီ Chipset ကို Qualcomm က  အရင်နှစ် ဒီဇင်ဘာလမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ လျှင်မြန်တဲ့ အားသွင်း နည်းပညာ ပါလာမှာ ဖြစ်ပြီး အနောက်ကင်မရာ ၄ လုံးကို အလျားလိုက် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ 90Hz OLED မျက်နှာပြင် ဖြစ်တဲ့အတွက် ဂိမ်းကစားရင် အရမ်းမြန်မှာပါ။

Ref : gsmarena