တရုတ်ကုမ္ပဏီ Geely က ဝယ်ယူပြီးသွားတဲ့နောက် Meizu ဟာ ပြန်လည်ဆန်းသစ်တဲ့ အမှတ်တံဆိပ်အဖြစ်နဲ့ ဈေးကွက်ထဲကို ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ Meizu 20 series နဲ့အတူ Flagship နယ်ပယ်ထဲကို ဝင်ရောက်ပြိုင်ဆိုင်ဖို့ကြိုးစားနေတာကို တွေ့ရပါတယ်။

Meizu 20 ဟာ နောက်ဆုံးထွက် Qualcomm Snapdragon SoC ကို အသုံးပြုထားမှာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါပြီ။ ဒါတင်မကသေးပါဘူး မကြာသေးခင်က ထွက်ရှိထားတဲ့ Flagship တွေနဲ့ ယှဉ်ပြိုင်ဖို့အတွက် LPDDR5X RAM နဲ့ UFS 4.0 storage လည်း ထောက်ပံ့ပေးထားမှာ ဖြစ်ပါတယ်။

လက်ရှိထွက်ပေါ်လာတဲ့ ပေါက်ကြားမှုတွေအရ Meizu 20 နဲ့ Meizu 20 pro နှစ်မျိုးထွက်မယ်ဆိုတာကို သိရပါပြီ။ ပြီးခဲ့တဲ့တစ်ပတ်က ကျောဘက်ဒီဇိုင်းပုံအကြောင်းပြောခဲ့ကြပေမဲ့ အသေးစိတ်တော့မသိရသေးပါဘူး။ Meizu ရဲ့ ဒီဇိုင်းဟာ အများနဲ့မတူ တစ်မူကွဲပြားတဲ့ဒီဇိုင်းတွေဖြစ်ဖို့တော့ မျှော်လင့်ထားကြပေမဲ့ Digital Chat Station က ဖော်ပြလာတဲ့ ဒီဇိုင်းကတော့ ရိုးရှင်းဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းလို့ပဲ ပြောရမှာဖြစ်ပါတယ်။

ကျောဘက်ကင်မရာတပ်ဆင်ပုံအရ ကင်မရာသုံးလုံးနဲ့ LED flash တို့ဟာ အထက်အောက် တစ်တန်းတည်းရှိနေပြီး အင်္ကျီကြယ်သီးလိုဒီဇိုင်းကို သတိရစေပါတယ်။ Meizu 20 Pro ဟာ ညာဘက်ခြမ်းမှာ ပါဝါနဲ့ အသံအတိုးအချဲ့ခလုတ်တွေ တပ်ဆင်ထားပါတယ်။ မျက်နှာပြင်မှာတော့ Punch-hole အတွင်း Selfie ကင်မရာတစ်လုံး တပ်ဆင်ထားတာတွေ့နိုင်ပါတယ်။

ဖုန်းမှာ In-display fingerprint scanner ပါဝင်တဲ့အတွက် OLED display ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ ဒါ့အပြင် 120Hz refresh rate ထောက်ပံ့လာမယ်လို့လည်း မျှော်လင့်ရပါတယ်။ Meizu ဟာ အကျော်ကြားဆုံး စမတ်ဖုန်းအမှတ်တံဆိပ်တွေထဲမှာ မပါဝင်ပေမဲ့ ဒီတစ်ခါပြန်လာခြင်းမှာတော့ ကြီးမားတဲ့အပြောင်းအလဲကို သယ်ဆောင်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizchina