Meizu က စမတ်ဖုန်း လောကထဲကို Meizu 20 , Meizu 20 Pro , Meizu 20 Infinity တို့နဲ့ ပြန်လည် ဝင်ရောက်လာပါတယ်။

Meizu 20 Pro မှာ 6.81” LTPO OLED 1368x3192p မျက်နှာပြင် တပ်ဆင်ထားပြီး 1-120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Meizu 20 Infinity မှာ 6.79” မျက်နှာပြင် ပါလာပြီး Resolution နဲ့ Refresh Rate က တူညီပါတယ်။

Meizu 20 series debut with Snapdragon 8 Gen 2, 50MP main cams and Flyme 10

Meizu 20 မှာ 6.55” OLED FHD+ မျက်နှာပြင်နဲ့ 144Hz Refresh Rate ပါပါတယ်။ ဖုန်း ၃ လုံးစလုံးမှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ 32MP အရှေ့ ကင်မရာ ထည့်ထားပါတယ်။

Meizu 20 series debut with Snapdragon 8 Gen 2, 50MP main cams and Flyme 10

Meizu 20 Pro ရဲ့ အနောက်ဘက်မှာ 50MP ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး Main, Ultrawide နဲ့ Telephoto တွေ ဖြစ်ပါတယ်။ Meizu 20 Infinity မှာ 50MP Main ပါလာပြီး 12MP Ultrawide နဲ့ 12MP Telephoto ကင်မရာတွေ တပ်ဆင်ထားပါတယ်။ Meizu 20 မှာတော့ 50MP Main, 16MP Ultrawide နဲ့ 5MP Auxiliary ကင်မရာတွေ ပါပါတယ်။

ဖုန်း ၃ လုံးစလုံးမှာ Snapdragon 8 Gen 2 Chipset နဲ့ LPDDR5X RAM , UFS 4.0 Storage ထည့်သွင်းထားပြီး Flyme 10 OS မောင်းနှင်ထားပါတယ်။

Meizu 20 မှာ 67W Fast Charging ပါတဲ့ 4,700mAh Battery ၊ Meizu 20 Infinity မှာ 65W Wired နဲ့ 50W Wireless Charging ပါတဲ့ 4,800mAh Battery တပ်ဆင်ထားပါတယ်။ Meizu 20 Pro မှာ 80W Wired နဲ့ 50W Wireless Charging ပါတဲ့ 5,000mAh Battery ပါပါတယ်။

Meizu 20 အတွက် Green, Yellow, Pink နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပြီး အခြေခံ 12/128GB ကို ၄၃၆ ဒေါ်လာနဲ့ 12/512GB ကို ၅၅၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Meizu 20 Pro အတွက် Black, Gold နဲ့ Silver အရောင်တွေ ထုတ်လုပ်ထားပြီး အခြေခံ 12/128GB ကို ၅၈၂ ဒေါ်လာနဲ့ 12/512GB ကို ၆၉၈ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Meizu 20 Infinity အတွက် Green , Silver နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပြီး 12/256GB ကို ၉၁၆ ဒေါ်လာနဲ့ 16GB/1TB ကို ၁,၂၃၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ဧပြီလ ၃ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena