Meizu ကနေ အခုနှစ်အစောပိုင်းမှာ ပထမဆုံးအနေနဲ့ 18:9 Ratio Display ကို အသုံးပြုထားတဲ့ Meizu M6S စမတ်ဖုန်းကို မိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ Processor ပိုင်းနဲ့ ဒီဇိုင်းပိုင်းကောင်းမွန်တယ်ဆိုပေမယ့် Single Camera နဲ့ အခြားသော Features ပိုင်းအားနည်းချက်တွေကြောင့် အရမ်းကြီးအောင်မြင်ခဲ့တဲ့ဖုန်းတစ်ခုမဟုတ်ခဲ့ပါဘူး။

အခုအချက်ဟာ Xiaomi ကနေ Redmi Note 5 Pro ကို ထုတ်လုပ်ရောင်းချတဲ့အချိန်မှာတော့ ပိုပြီး သိသာလာခဲ့ပြီး အဲ့ဒီအတွက် Meizu ကနေ M6S စမတ်ဖုန်းကို အခုအချိန်ကစတင်ပြီး အဆင့်မြှင့်တင်မှုတွေပြုလုပ်သွားပြီး ရောင်းချသွားတော့မှာဖြစ်ပါတယ်။

Meizu M6S စမတ်ဖုန်းဟာ ထွက်ရှိတဲ့အချိန်တုန်းက Samsung Exynos 7872 Processor ၊ RAM 3GB နဲ့ ထွက်ရှိခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာတော့ Meizu ကနေ RAM ကိုတိုးမြှင့်ထုတ်လုပ်မှာဖြစ်ပြီးတော့ Storage 32GB Version မှာ RAM 4GB နဲ့ Storage 64GB Version မှာ RAM 6GB ထည့်သွင်းပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး စွမ်းဆောင်ရည်ပိုင်းမှာ အဆင့်မြှင့်လိုက်တယ်ဆိုပေမယ့် အခြားသော အချက်အလက်တွေအားလုံးကတော့ တူညီဦးမှာဖြစ်ပြီးတော့ Single 16MP Back Camera နဲ့ 8MP Front Camera ၊ 5.7″ 18:9 Ratio HD+ Display နဲ့ တူညီတဲ့ 3000mAh Battery ပဲပါဝင်ဦးမှာဖြစ်ပါတယ်။