Zawgyi

Xiaomi ရဲ႕ နာမည္ၾကီး Mi Band Series ရဲ႕ေနာက္ဆက္တြဲ ျဖစ္တဲ့ Mi Band 4 ကို မၾကာခင္ မိတ္ဆက္ေတာ့မွာပါ။ Mi Band Series ကိုစတင္ မိတ္ဆက္လိုက္ကတည္းက Fitness Tracker ေလာကမွာ အေတာ္ေလးေရပန္းစားခဲ့ပါတယ္။ Fitbit လိုနာမည္လည္းၾကီး ေစ်းလည္းၾကီးတဲ့ Fitness Tracker ေတြအစားထိုး ဝယ္ယူသင့္တဲ့ ေရြးခ်ယ္စရာတစ္ခုျဖစ္ခဲ့ျပီး ကမၻာတစ္ဝွမ္္း အလံုးေရအမ်ားၾကီးေရာင္းခ်ခဲ့ရပါတယ္။ OLED Display နဲ႕ Mi Band 2 ကို မိတ္ဆက္လိုက္တဲ့အခါမွာေတာ့ Mi Band ရဲ႕ ေအာင္ျမင္မွုက ပိုျပီးၾကီးမားလာခဲ့ပါတယ္္။ Mi Band 3 မွာေတာ့ Mi Band 2 ရဲ႕ဒီဇိုင္းကို အနည္းငယ္ အဆင့္ျမွင့္တင္ေပးထားလို႔ ထုတ္ဖူးသမွ် Mi Band ေတြထဲမွာမွ အလွဆံုး Mi Band ျဖစ္လာခဲ့ပါတယ္။ အခုေတာ့ Mi Band 3 ကို အဆင့္ျမွင့္တင္ေပးထားတဲ့ Mi Band 4 ကို မိတ္ဆက္ဖို႕ ျပင္ဆင္ေနပါျပီ။ မေန႔ကတည္းက Mi Band 4 ကို မိတ္ဆက္မယ့္ သတင္းထြက္ေပၚေနခဲ့တာပါ။ ဒီေန႔မွာေတာ့ Mi Band 4 ရဲ႕ Spec အနည္းငယ္ေပၚထြက္လို႔လာခဲ့ပါျပီ။ Mi Band 4 ရဲ႕ အဓိက ဆြဲေဆာင္မွုတစ္ခုကေတာ့ Bluetooth 5 ကိုထည့္သြင္းေပးထားတာပါပဲ။ အရင္ Mi Band 3 မွာေတာ့ Bluetooth ဗားရွင္း 4.2 ကိုပဲ တပ္ဆင္ေပးခဲ့တာေၾကာင့္ Mi Band 4 ဟာ Bluetooth 5 ပါဝင္တဲ့ ပထမဆံုး Mi Band ျဖစ္လာမွာပါ။ Bluetooth 5 ဟာ ခ်ိတ္ဆက္မွုပိုင္းနဲ႔ အခ်က္အလတ္ဖလွယ္တဲ့ ေနရာမွာ Bluetooth 4.2 ထက္ အမ်ားၾကီး ျမန္ဆန္ပါတယ္။ အဲ့တာေၾကာင့္ Mi Band 4 ကို ဖုန္းနဲ႕ခ်ိတ္ဆက္တဲ့ ေနရာမွာ Mi Band 3 ထက္ သိသိသာသာ ျမန္ဆန္လာမွာပါ။

ရရွိထားတဲ့ အခ်က္အလတ္ေတြအရ Mi Band 4 ကို ေမာ္ဒယ္ႏွစ္မ်ိဳးနဲ႕ ထုတ္လုပ္သြားႏိုင္ပါတယ္။ Mi Band 4 ကို Mi Smart Band 4 NFC နဲ႕ Mi Smart Band 4 ဆိုျပီး ေမာ္ဒယ္ႏွစ္ခု ခြဲထားပါတယ္။ နာမည္အတိုင္းပဲ Mi Smart Band NFC မွာ Near Field Communication လို႕ေခၚတဲ့ လုပ္ေဆာင္ခ်က္ေလးတစ္ခုပါဝင္လာမွာပါ။ NFC ပါဝင္လာတာ ေၾကာင့္ Google Pay နဲ႕ တစ္ျခား Digital Payment ေတြကို အသံုးျပဳနိုင္မွာပါ။ ဒါ့အျပင္ ဖုန္းနဲ႕ခ်ိတ္တဲ့ ေနရာမွာလည္း ဖုန္းနဲ႔ထိလိုက္တာနဲ႕ အလြယ္တကူခ်ိတ္ဆက္နိုင္ပါတယ္။ ခ်ိတ္ဆက္မယ့္ဖုန္းမွာ NFC အေထာက္အပ့ံပါဝင္ဖို႔ေတာ့လိုပါလိမ့္မိယ္။ NFC မပါဝင္တဲ့ ေမာ္ဒယ္ကိုလည္း ထုတ္ထားျပီး NFC မပါဝင္တာေၾကာင့္ NFC ပါတဲ့ ေမာ္ဒယ္ထက္ ေစ်းအနည္းငယ္ သက္သာနိုင္ပါတယ္။ ျပည္တြင္းမွာေတာ့ Digital Payment ေတြက သိပ္ေခတ္မစားေသးတာေၾကာင့္ NFC မပါတဲ့ ေမာ္ဒယ္ဝယ္ယူရင္လည္း အဆင္ေျပမွာပါ။ တစ္ျခားေျပာင္းလဲမွုေတြကေတာ့ လက္ပတ္ၾကိဳးကို အဆင့္ျမွင္တင္ေပးထားနိုင္ျပီး အေရာင္မ်ိဳးစံုနဲ႕ လက္ပတ္အပိုေတြကို ဝယ္ယူနိုင္ဦးမွာပါ။

Mi Band 4 ရဲ႕ Display ပိုင္းကိုလည္း အဆင့္ျမွင့္တင္ေပးထားျပီး အရင္လို အျဖဴအနက္ OLED Display မဟုတ္ေတာ့ပဲ အေရာင္စံုေဖာ္ျပေပးနိုင္တဲ့ Color OLED ကို အသံုးျပဳေပးထားမွာပါ။ ေရာင္စံု OLED သံုးေပးထားမွာမို႕ Mi Band 3 ရဲ႕ UI ထက္အမ်ားၾကီးပိုလွတဲ့ UI ကိုျမင္ေတြ႕ရမွာပါ။ ဘက္ထရီအေၾကာင္းေတာ့သိရျခင္းမရွိေသးပဲ Mi Band 3 ရဲ႕ ဘက္ထရီပမာဏ မတိမ္းမယိမ္းကိုပဲ တပ္ဆင္ေပးသြားႏိုင္ပါတယ္။ GPS လည္းအဆင့္ျမွင့္တင္ေပးထားမယ္လို႔ေမွ်ာ္လင့္ရျပီး တည္ေနရာေတြကို အရင္ Mi Band ေတြထက္ ပိုျပီး တိတိက်က်ေဖာ္ျပေပးနိုင္မွာပါ။

Mi Band 4 ကို မၾကာခင္ မိတ္ဆက္မွာျဖစ္ေပမယ့္ ရက္ေတာ့အတိအက်မသိရေသးပါဘူး။ ဒါေပမယ့္ လာမယ့္ ေမလထဲ မိတ္ဆက္နိုင္တယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ တစ္ကယ္လို႔သာ ေမလအတြင္းမိတ္ဆက္မွာေသခ်ာရင္ ဧျပီလေလာက္မွာ Mi Band 4 ရဲ႕ အေသးစိတ္အခ်က္အလက္ အကုန္ေပါက္ၾကားလာမွာပါ။ ေစ်းနွုန္းလည္း သိရျခင္းမရွိေသးပဲ Mi Band 3 ေစ်းေလာက္ပဲရွိႏိုင္ပါတယ္။ NFC ပါဝင္တဲ့ ေမာ္ဒယ္ကေတာ့ ေစ်းအနည္း္ငယ္ျမင့္နိုင္ပါတယ္။ Mi Band 4 ကို Anhui Huami Technology ကထုတ္လုပ္ထားတာျဖစ္ျပီး ျပည္တြင္းမွာ နာမည္ၾကီးတဲ့ Smart Watch Amazfit ကိုလည္း အဲ့ဒီ ကုမၸဏီကပဲထုတ္လုပ္ထားတာပါ။ အဆိုပါ ကုမၸဏီေတြဟာ Xiaomi ရဲ႕ ဖက္စပ္ ကုမၸဏီေတြပါပဲ။ Mi Band 4 ထြက္လာေတာ့မွာ ျဖစ္ေပမယ့္ Mi Band 3 ဟာ ေလာေလာဆယ္ ေရာင္းအားေကာင္းေနဆဲပါ။ Mi Band 3 ေရာင္းအားေကာင္းေနတာေၾကာင့္ Mi Band 4 ကိုမိတ္ဆက္ဖို႔ ေႏွာင့္ေႏွးေနတာပါ။ ဒါေပမယ့္ Mi Band 4 ဟာ Mi Band 3 နဲ႕ ေစ်းသိပ္မကြာႏိုင္တာေၾကာင့္ Mi Band 3 ဝယ္ဖို႔ စဥ္းစားေနတယ္ဆိုရင္ Color OLED နဲ႕ Mi Band 4 ကိုေစာင့္ဖို႕ အၾကံေပးပါရေစ။

Ref: Gizmo China

Unicode

Bluetooth 5 နဲ့ Mi Band 4 ကို မကြာခင် မိတ်ဆက်တော့မည်

Xiaomi ရဲ့ နာမည်ကြီး Mi Band Series ရဲ့နောက်ဆက်တွဲ ဖြစ်တဲ့ Mi Band 4 ကို မကြာခင် မိတ်ဆက်တော့မှာပါ။ Mi Band Series ကိုစတင် မိတ်ဆက်လိုက်ကတည်းက Fitness Tracker လောကမှာ အတော်လေးရေပန်းစားခဲ့ပါတယ်။ Fitbit လိုနာမည်လည်းကြီး ဈေးလည်းကြီးတဲ့ Fitness Tracker တွေအစားထိုး ဝယ်ယူသင့်တဲ့ ရွေးချယ်စရာတစ်ခုဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း အလုံးရေအများကြီးရောင်းချခဲ့ရပါတယ်။ OLED Display နဲ့ Mi Band 2 ကို မိတ်ဆက်လိုက်တဲ့အခါမှာတော့ Mi Band ရဲ့ အောင်မြင်မှုက ပိုပြီးကြီးမားလာခဲ့ပါတယ်။ Mi Band 3 မှာတော့ Mi Band 2 ရဲ့ဒီဇိုင်းကို အနည်းငယ် အဆင့်မြှင့်တင်ပေးထားလို့ ထုတ်ဖူးသမျှ Mi Band တွေထဲမှာမှ အလှဆုံး Mi Band ဖြစ်လာခဲ့ပါတယ်။ အခုတော့ Mi Band 3 ကို အဆင့်မြှင့်တင်ပေးထားတဲ့ Mi Band 4 ကို မိတ်ဆက်ဖို့ ပြင်ဆင်နေပါပြီ။ မနေ့ကတည်းက Mi Band 4 ကို မိတ်ဆက်မယ့် သတင်းထွက်ပေါ်နေခဲ့တာပါ။ ဒီနေ့မှာတော့ Mi Band 4 ရဲ့ Spec အနည်းငယ်ပေါ်ထွက်လို့လာခဲ့ပါပြီ။ Mi Band 4 ရဲ့ အဓိက ဆွဲဆောင်မှုတစ်ခုကတော့ Bluetooth 5 ကိုထည့်သွင်းပေးထားတာပါပဲ။ အရင် Mi Band 3 မှာတော့ Bluetooth ဗားရှင်း 4.2 ကိုပဲ တပ်ဆင်ပေးခဲ့တာကြောင့် Mi Band 4 ဟာ Bluetooth 5 ပါဝင်တဲ့ ပထမဆုံး Mi Band ဖြစ်လာမှာပါ။ Bluetooth 5 ဟာ ချိတ်ဆက်မှုပိုင်းနဲ့ အချက်အလတ်ဖလှယ်တဲ့ နေရာမှာ Bluetooth 4.2 ထက် အများကြီး မြန်ဆန်ပါတယ်။ အဲ့တာကြောင့် Mi Band 4 ကို ဖုန်းနဲ့ချိတ်ဆက်တဲ့ နေရာမှာ Mi Band 3 ထက် သိသိသာသာ မြန်ဆန်လာမှာပါ။

ရရှိထားတဲ့ အချက်အလတ်တွေအရ Mi Band 4 ကို မော်ဒယ်နှစ်မျိုးနဲ့ ထုတ်လုပ်သွားနိုင်ပါတယ်။ Mi Band 4 ကို Mi Smart Band 4 NFC နဲ့ Mi Smart Band 4 ဆိုပြီး မော်ဒယ်နှစ်ခု ခွဲထားပါတယ်။ နာမည်အတိုင်းပဲ Mi Smart Band NFC မှာ Near Field Communication လို့ခေါ်တဲ့ လုပ်ဆောင်ချက်လေးတစ်ခုပါဝင်လာမှာပါ။ NFC ပါဝင်လာတာ ကြောင့် Google Pay နဲ့ တစ်ခြား Digital Payment တွေကို အသုံးပြုနိုင်မှာပါ။ ဒါ့အပြင် ဖုန်းနဲ့ချိတ်တဲ့ နေရာမှာလည်း ဖုန်းနဲ့ထိလိုက်တာနဲ့ အလွယ်တကူချိတ်ဆက်နိုင်ပါတယ်။ ချိတ်ဆက်မယ့်ဖုန်းမှာ NFC အထောက်အပံ့ပါဝင်ဖို့တော့လိုပါလိမ့်မိယ်။ NFC မပါဝင်တဲ့ မော်ဒယ်ကိုလည်း ထုတ်ထားပြီး NFC မပါဝင်တာကြောင့် NFC ပါတဲ့ မော်ဒယ်ထက် ဈေးအနည်းငယ် သက်သာနိုင်ပါတယ်။ ပြည်တွင်းမှာတော့ Digital Payment တွေက သိပ်ခေတ်မစားသေးတာကြောင့် NFC မပါတဲ့ မော်ဒယ်ဝယ်ယူရင်လည်း အဆင်ပြေမှာပါ။ တစ်ခြားပြောင်းလဲမှုတွေကတော့ လက်ပတ်ကြိုးကို အဆင့်မြှင်တင်ပေးထားနိုင်ပြီး အရောင်မျိုးစုံနဲ့ လက်ပတ်အပိုတွေကို ဝယ်ယူနိုင်ဦးမှာပါ။

Mi Band 4 ရဲ့ Display ပိုင်းကိုလည်း အဆင့်မြှင့်တင်ပေးထားပြီး အရင်လို အဖြူအနက် OLED Display မဟုတ်တော့ပဲ အရောင်စုံဖော်ပြပေးနိုင်တဲ့ Color OLED ကို အသုံးပြုပေးထားမှာပါ။ ရောင်စုံ OLED သုံးပေးထားမှာမို့ Mi Band 3 ရဲ့ UI ထက်အများကြီးပိုလှတဲ့ UI ကိုမြင်တွေ့ရမှာပါ။ ဘက်ထရီအကြောင်းတော့သိရခြင်းမရှိသေးပဲ Mi Band 3 ရဲ့ ဘက်ထရီပမာဏ မတိမ်းမယိမ်းကိုပဲ တပ်ဆင်ပေးသွားနိုင်ပါတယ်။ GPS လည်းအဆင့်မြှင့်တင်ပေးထားမယ်လို့မျှော်လင့်ရပြီး တည်နေရာတွေကို အရင် Mi Band တွေထက် ပိုပြီး တိတိကျကျဖော်ပြပေးနိုင်မှာပါ။

Mi Band 4 ကို မကြာခင် မိတ်ဆက်မှာဖြစ်ပေမယ့် ရက်တော့အတိအကျမသိရသေးပါဘူး။ ဒါပေမယ့် လာမယ့် မေလထဲ မိတ်ဆက်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တစ်ကယ်လို့သာ မေလအတွင်းမိတ်ဆက်မှာသေချာရင် ဧပြီလလောက်မှာ Mi Band 4 ရဲ့ အသေးစိတ်အချက်အလက် အကုန်ပေါက်ကြားလာမှာပါ။ ဈေးနှုန်းလည်း သိရခြင်းမရှိသေးပဲ Mi Band 3 ဈေးလောက်ပဲရှိနိုင်ပါတယ်။ NFC ပါဝင်တဲ့ မော်ဒယ်ကတော့ ဈေးအနည်းငယ်မြင့်နိုင်ပါတယ်။ Mi Band 4 ကို Anhui Huami Technology ကထုတ်လုပ်ထားတာဖြစ်ပြီး ပြည်တွင်းမှာ နာမည်ကြီးတဲ့ Smart Watch Amazfit ကိုလည်း အဲ့ဒီ ကုမ္ပဏီကပဲထုတ်လုပ်ထားတာပါ။ အဆိုပါ ကုမ္ပဏီတွေဟာ Xiaomi ရဲ့ ဖက်စပ် ကုမ္ပဏီတွေပါပဲ။ Mi Band 4 ထွက်လာတော့မှာ ဖြစ်ပေမယ့် Mi Band 3 ဟာ လောလောဆယ် ရောင်းအားကောင်းနေဆဲပါ။ Mi Band 3 ရောင်းအားကောင်းနေတာကြောင့် Mi Band 4 ကိုမိတ်ဆက်ဖို့ နှောင့်နှေးနေတာပါ။ ဒါပေမယ့် Mi Band 4 ဟာ Mi Band 3 နဲ့ ဈေးသိပ်မကွာနိုင်တာကြောင့် Mi Band 3 ဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင် Color OLED နဲ့ Mi Band 4 ကိုစောင့်ဖို့ အကြံပေးပါရစေ။
Ref: Gizmo China