Xiaomi ကနေ အခုလက်ရှိမှာ Android Smart Mi TV တွေအပြင် တခြားသော TV တွေကိုပါ Android TV အဖြစ်ပြောင်းလဲပေးနိုင်တဲ့ Mi TV Box တွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုလည်း Xiaomi ကနေ Mi TV Stick ကို ရောင်းချသွားတော့မှာဖြစ်ပါတယ်။

Xiaomi အနေနဲ့ အဆိုပါ Mi TV Stick ကို တရားဝင်မိတ်ဆက်သေးခြင်းမရှိသေးပေမယ့်လည်း အခုအချိန်မှာ Online Shopping Website တွေဖြစ်တဲ့ AliExpress နဲ့ Gearbest တို့မှာ ရောင်းချဖို့အတွက် ဓါတ်ပုံတွေအပြင် စျေးနှုန်းနဲ့ Specs တွေကိုပါ ဖော်ပြထားတာကိုတွေ့ရပါတယ်။

AliExpress ကနေ ရောင်းချသွားမယ့် Mi TV Stick ဟာ စျေးနှုန်းအနေနဲ့ $49 (မြန်မာငွေ ၇ သောင်းဝန်းကျင်) ရှိမှာဖြစ်ပြီး Full HD Resolution ကိုပဲ Support ပြုလုပ်မယ်လို့ သိရပါတယ်။ Specs တွေအနေနဲ့ကတော့ 2GHz Quad Core CPU ၊ 1GB RAM နဲ့ 8GB eMMC Storage တွေပါဝင်မှာဖြစ်ပြီး Google Assistant ၊ Netflix ၊ Amazon Prime လိုမျိုး Feature တွေအပြင် Dolby Audio နဲ့ DTS Surround Sound ကိုပါ Support ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

နောက်ထပ် Gearbest မှာဖော်ပြထားတာကတော့ RAM 2GB Version ဖြစ်ပြီးတော့ 4K Video တွေကိုပါ Support ပေးနိုင်မယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း စျေးနှုန်းအနေနဲ့ကတော့ $133 (၁ သိန်း ၉ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ အဆိုပါ Version မှာ RAM 2GB အပြင် CPU ကိုလည်း Amlogic S905Y2 Quad Core CPU ကိုပါ အဆင့်မြှင့်တင်ထားတာကိုတွေ့ရပြီး Storage အနေနဲ့ကတော့ 8GB ပဲ ပါဝင်ဦးမှာပါ။ ဒါပေမယ့် RAM 1GB Version နဲ့ နောက်ထပ်ကွာခြားတဲ့အချက်က MicroUSB အစား USB-C ကို ပြောင်းလဲအသုံးပြုထားမှာပဲဖြစ်ပါတယ်။

AliExpress Website မှာတော့ $49 တန် Mi TV Stick ကို လာမယ့်ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်ရောင်းချမယ်လို့ ရေးသားထားပြီး Gearbest Website မှာတော့ $133 တန် Mi TV Stick 4K Version ကို လာမယ့်အပတ်အတွင်းမှာ ရောင်းချသွားမယ်လို့ ဖော်ပြထားတဲ့အတွက် မကြာခင်မှာတရားဝင်မိတ်ဆက်လာတော့မယ်လို့ ယူဆရပါတယ်။

Ref – Gizmo China