Microsoft ကနေ Surface Laptop ကို 13.5″ နဲ့ 15″ ဆိုပြီး ၂ မျိုးထုတ်လုပ်ရောင်းချနေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ စျေးပိုသက်သာတဲ့ Surface Laptop Go အသစ်ကိုပါ မိတ်ဆက်လိုက်ပါပြီ။

Surface Laptop Go ဟာ Display အနေနဲ့ 12.4″ PixelSense 3:2 Display ပါဝင်မှာဖြစ်ပြီး ကိုယ်ထည်ကိုလည်း Aluminum / Polycarbonate Glass Fiber တွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ အလေးချိန်အနေနဲ့လည်း 1.11Kg ပဲရှိတဲ့အတွက် လက်ရှိ Surface Laptop တွေထဲမှာ အပေါ့ပါးဆုံးဖြစ်လာမှာပါ။

Surface Laptop Go ဟာ 10th Gen Intel Core i5-1035G1 Processor ကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။ RAM နဲ့ Storage ကတော့ အနိမ့်ဆုံး RAM 4GB + 64GB (eMMC) ကနေ RAM 8GB + 128GB SSD သို့မဟုတ် RAM 8GB + 256GB SSD Version တွေအထိ ရွေးချယ်နိုင်မှာပါ။ RAM 8GB Version တွေမှာ Fingerprint Sensor လည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။ Port တွေအနေနဲ့ကတော့ USB-C ၊ USB-A ၊ Surface Connect နဲ့ 3.5mm Audio Jack တွေပါဝင်မှာဖြစ်ပါတယ်။

ကျန်တဲ့ Feature ပိုင်းတွေအနေနဲ့ကတော့ 13-hr Battery Life ၊ 720p HD Webcam ၊ Dolby Audio ၊ Dual Far-field Studio Mic ၊ Wi-Fi 6 လိုမျိုး Feature တွေပါဝင်မှာပါ။ အထူအနေနဲ့ 15.69mm ပဲရှိတဲ့အတွက် တော်တော်လေးပါးတဲ့ Laptop ထဲမှာ ပါပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ RAM 4GB + 64GB (eMMC) Version ကို $549 (မြန်မာငွေ ၇ သိန်း ၁ သောင်းဝန်းကျင်) ၊ RAM 8GB + 128GB ကို $699 (မြန်မာငွေ ၉ သိန်း ၁ သောင်းဝန်းကျင်) နဲ့ RAM 8GB + 256GB ကိုတော့ $899 (မြန်မာငွေ ၁၁ သိန်း ၇ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ Microsoft ကတော့ Surface Laptop Go ကို လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့ကနေ စတင်ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။

Surface Laptop Go အပြင် Microsoft ကနေ ARM-based Surface Pro X ကိုလည်း စွမ်းဆောင်ရည်ပိုကောင်းပြီး Adreno 690 GPU ပါဝင်လာတဲ့ Microsoft SQ2 Chipset အသစ်နဲ့ မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Microsoft SQ2 Chip အသစ်ပါဝင်လာတဲ့အပြင် RAM ကလည်း 16GB နဲ့ဖြစ်ပြီး Storage ကိုတော့ 256GB သို့မဟုတ် 512GB SSD တွေ ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

အခုလိုမျိုး Microsoft SQ2 Chip အသစ်နဲ့ Surface Pro X ဟာ RAM 16GB + 256GB ကို $1,499.99 (မြန်မာငွေ ၁၉ သိန်း ၆ သောင်းဝန်းကျင်) နဲ့ RAM 16GB + 512GB ကို $1,799.99 (မြန်မာငွေ ၂၃ သိန်း ၅ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ မနှစ်တုန်းက Microsoft SQ1 Chip ကိုအသုံးပြုထားတဲ့ Surface Pro X ကိုတော့ RAM 8GB + 128GB ကို $999.99 (မြန်မာငွေ ၁၃ သိန်းဝန်းကျင်) နဲ့ RAM 8GB + 256GB ကို $1,299.99 (မြန်မာငွေ ၁၇ သိန်းဝန်းကျင်)ဆိုပြီး ပြောင်းလဲရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China