Zawgyi

Microsoft ကေန လာမယ့္ ေအာက္တိုဘာလ ၂ ရက္ေန႔မွာ ႏွစ္စဥ္က်င္းပေနၾကျဖစ္တဲ့ Hardware Event ကို ျပဳလုပ္သြားမွာျဖစ္ပါတယ္။ ဒီႏွစ္မွာေတာ့ ယခင္ႏွစ္ေတြတုန္းကနဲ႔ မတူညီတဲ့ Surface Product အသစ္ေတြကိုပါ ေတြ႕ျမင္ရဖို႔ရွိေနပါတယ္။

ေလာေလာဆယ္အထိေတာ့ မိတ္ဆက္ဖို႔က်ိန္းေသေနတာက Surface Pro 7 ၊ Surface Laptop 3 ေတြျဖစ္ၿပီး အဆိုပါ Surface Product ေတြဟာ Intel ရဲ႕ 10th Generation Processor ေတြကို အသုံးျပဳလာမွာလည္းျဖစ္ပါတယ္။ ဒါ့အျပင္ Microsoft ကေန Liquid Hinge ကို အသုံးျပဳထားတဲ့ Dual Screen Surface Product တစ္ခုကိုပါ မိတ္ဆက္သြားဦးမယ္လို႔ သတင္းေတြထြက္ေနပါတယ္။

ဒါေပမယ့္ အခုအခ်ိန္မွာေနာက္ထပ္ထြက္ရွိလာတဲ့ သတင္းတစ္ခုအရ Microsoft ကေန Surface Pro 7 အျပင္ Surface 7 ဆိုၿပီး Tablet အသစ္ကို မိတ္ဆက္လာဦးမယ္လို႔ သိရပါတယ္။ အခု Surface 7 ဟာ ေစ်းႏႈန္းအရ Surface Pro 7 ထက္ သက္သာမွာျဖစ္ေပမယ့္ Surface Go လိုမ်ိဳး အ႐ြယ္အစားေသးမွာမဟုတ္ဘဲ ပုံမွန္ Surface Tablet Size ပဲရွိမွာပါ။

ေနာက္ထပ္သတင္းေတြအရ အဆိုပါ Surface 7 Tablet ဟာ Intel Processor ေတြအစား Qualcomm 8cx Processor ကို အသုံးျပဳလာမွာျဖစ္ၿပီးေတာ့ LTE Connectivity လည္း ပါဝင္လာမွာျဖစ္တယ္လို႔ သိရပါတယ္။ ဒီဇိုင္းပိုင္းကိုလည္း ေျပာင္းလဲထားမွာျဖစ္ၿပီး ေဘးေဘာင္ေတြက ပုံမွန္ထက္ပါးလႊာေနမွာပါ။ USB-A နဲ႔ MiniDisplay Port ေတြအစား USB-C ကို ေျပာင္းသုံးလာမယ္လို႔လည္း သိရပါတယ္။

အခု Surface 7 Tablet ရဲ႕ ေၾကာ္ျငာ ဓါတ္ပုံေတြကလည္း Leak ထြက္လာၿပီးေတာ့ Tagline အေနနဲ႔ “Anything but ordinary” ဆိုၿပီး အဓိကေၾကာ္ျငာသြားမယ့္ပုံပါပဲ။ ဘာပဲျဖစ္ျဖစ္ ေစ်းသက္သာတဲ့ Surface Tablet ကို လိုခ်င္တဲ့သူေတြအတြက္ကေတာ့ ဒီႏွစ္က ေစာင့္ရဦးနပ္ေတာ့မွာပါ။

Ref – Phone Arena

Unicode

Microsoft ကနေ လာမယ့် အောက်တိုဘာလ ၂ ရက်နေ့မှာ နှစ်စဥ်ကျင်းပနေကြဖြစ်တဲ့ Hardware Event ကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ယခင်နှစ်တွေတုန်းကနဲ့ မတူညီတဲ့ Surface Product အသစ်တွေကိုပါ တွေ့မြင်ရဖို့ရှိနေပါတယ်။

လောလောဆယ်အထိတော့ မိတ်ဆက်ဖို့ကျိန်းသေနေတာက Surface Pro 7 ၊ Surface Laptop 3 တွေဖြစ်ပြီး အဆိုပါ Surface Product တွေဟာ Intel ရဲ့ 10th Generation Processor တွေကို အသုံးပြုလာမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Microsoft ကနေ Liquid Hinge ကို အသုံးပြုထားတဲ့ Dual Screen Surface Product တစ်ခုကိုပါ မိတ်ဆက်သွားဦးမယ်လို့ သတင်းတွေထွက်နေပါတယ်။

ဒါပေမယ့် အခုအချိန်မှာနောက်ထပ်ထွက်ရှိလာတဲ့ သတင်းတစ်ခုအရ Microsoft ကနေ Surface Pro 7 အပြင် Surface 7 ဆိုပြီး Tablet အသစ်ကို မိတ်ဆက်လာဦးမယ်လို့ သိရပါတယ်။ အခု Surface 7 ဟာ စျေးနှုန်းအရ Surface Pro 7 ထက် သက်သာမှာဖြစ်ပေမယ့် Surface Go လိုမျိုး အရွယ်အစားသေးမှာမဟုတ်ဘဲ ပုံမှန် Surface Tablet Size ပဲရှိမှာပါ။

နောက်ထပ်သတင်းတွေအရ အဆိုပါ Surface 7 Tablet ဟာ Intel Processor တွေအစား Qualcomm 8cx Processor ကို အသုံးပြုလာမှာဖြစ်ပြီးတော့ LTE Connectivity လည်း ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဇိုင်းပိုင်းကိုလည်း ပြောင်းလဲထားမှာဖြစ်ပြီး ဘေးဘောင်တွေက ပုံမှန်ထက်ပါးလွှာနေမှာပါ။ USB-A နဲ့ MiniDisplay Port တွေအစား USB-C ကို ပြောင်းသုံးလာမယ်လို့လည်း သိရပါတယ်။

အခု Surface 7 Tablet ရဲ့ ကြော်ငြာ ဓါတ်ပုံတွေကလည်း Leak ထွက်လာပြီးတော့ Tagline အနေနဲ့ “Anything but ordinary” ဆိုပြီး အဓိကကြော်ငြာသွားမယ့်ပုံပါပဲ။ ဘာပဲဖြစ်ဖြစ် စျေးသက်သာတဲ့ Surface Tablet ကို လိုချင်တဲ့သူတွေအတွက်ကတော့ ဒီနှစ်က စောင့်ရဦးနပ်တော့မှာပါ။

Ref – Phone Arena