Microsoft ဟာ လာမယ့် ဇွန်လ ၂၄ ရက်နေ့မှာ Windows 11 နာမည်နဲ့ Operating System အသစ်ကို မိတ်ဆက်ဖို့စီစဥ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Windows 11 ဟာ ပေါက်ကြားလာခဲ့ပြီးတော့ သတင်းမီဒီယာတွေအပြင် Tech Reviewer အများအပြားကလည်း ကိုယ်တိုင်စမ်းသပ်သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုမျိုး ပေါက်ကြားခဲ့တာကို Microsoft ကတော့ ကျေနပ်တဲ့ပုံစံမပြဘဲ အခုဆိုရင် Digital Millennium Copyright Act (DMCA) ကနေတစ်ဆင့် Copyright အနေနဲ့ Leak ဖြစ်ခဲ့တဲ့သတင်းတွေ၊ Video တွေကို ပြန်လည်ဖြုတ်ချဖို့ ကြိုးပမ်းနေပြီဖြစ်ပါတယ်။ ဒီလိုမျိုး ဖြုတ်ချတဲ့နေရာမှာ အဓိကအနေနဲ့ Google ကနေရှာဖွေနိုင်တဲ့ Link တွေကို ဦးစားပေးပြီး ဖြုတ်ချဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

ယခုသတင်းကို Fossbytes သတင်းဌာနကနေ တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိပေါက်ကြားထားတဲ့ Windows 11 Build ဖြစ်တဲ့ Build 21996.1 ကို ပြန်လည်ဖြုတ်ချနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Windows 11 OS Installation File ISO ကိုတင်ထားတဲ့ Website တွေကိုလည်း ပြန်ပြီးဖယ်ရှားပေးခိုင်းနေတာဖြစ်ပါတယ်။

Microsoft ကနေ အခုလိုမျိုး ပြုလုပ်နေတဲ့အတွက် ပေါက်ကြားလာတဲ့ Windows 11 Leak Version ဟာ တကယ် Windows 11 ဖြစ်တယ်ဆိုတာကိုတော့ အတည်ပြုနိုင်ပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း လာမယ့် ဇွန်လ ၂၄ ရက်နေ့မှာ မိတ်ဆက်သွားမယ့် Windows 11 နဲ့ Feature တွေအကုန်တူတူပဲလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

ဘာပဲဖြစ်ဖြစ် လက်ရှိသိရှိထားရတဲ့သတင်းတွေအရတော့ Windows 11 ဟာ Design ပိုင်းမှာ သိသိသာသာပြောင်းလဲသွားမှာဖြစ်သလို Widget တွေကိုလည်း Support ပေးထားမှာဖြစ်ပါတယ်။

Ref – Tech Rader