Microsoft က စက်တင်ဘာလ ၂၂ ရက်နေ့မှာ Hardware Event ကို ကျင်းပမယ်လို့ ဒီတစ်ပတ် အစောပိုင်းက တရားဝင် အသိပေးထားပါတယ်။ အဲခုတော့ အဲဒီ ပွဲမှာ ကြေညာမယ်လို့ ထင်ရတဲ့ Device အသစ် ၁ ခုရဲ့ Specs တွေကို WinFuture.de က မျှဝေလိုက်ပါတယ်။

အဲဒီ Device က Microsoft Surface Go 3 ဖြစ်ပြီး ၁၀.၅ လက်မ မျက်နှာပြင် ပါလာမယ်လို့သိရပါတယ်။ ဒါဟာ အရင်မျိုးဆက်နဲ့တူညီပြီး Magnisium Alloy Casing နဲ့ Optional Keyboard Cover တွေ ထောက်ပံ့ထားမှာပါ။

Microsoft Surface Go 2 (image: Microsoft)

အဓိက ပြောင်းလဲသွားတာက Microsoft Surface Go 3 မှာ Intel ရဲ့ 10th Generation Amber Lake Y CPUs မောင်းနှင်ထားတာပါ။ အခြေခံ မော်ဒယ်ကို Geekbench 4 Listing မှာ ပြီးခဲ့တဲ့ လက တွေ့ခဲ့ရပြီး Pentium Gold 6500Y Chip နဲ့ 4GB RAM တွဲဖက်ထားပါတယ်။ ပိုဈေးကြီးတဲ့ မော်ဒယ်မှာ 1.3GHz Base Clock Speed ရှိတဲ့ Intel Core i3-10100Y SoC ထည့်သွင်းထားပြီး အလုပ်အပေါ်မူတည်ကာ  3.9GHz Clock Speed အထိ တိုးမြှင့်နိုင်ပါတယ်။ အဲဒီ မော်ဒယ်မှာ 8GB RAM ပါလာမှာ ဖြစ်ပါတယ်။

Microsoft Surface Go 3 အပြင် ကုမ္ပဏီဟာ Surface Laptop အသစ် ၁ လုံးကိုလည်း ချပြနိုင်ပါတယ်။ ပြီးခဲ့လအနည်းငယ်အတွင်း သတင်း ၂ ကြိမ်ပေါက်ကြားခဲ့တဲ့ Surface Duo 2 ကိုလည်း မြင်တွေ့ရနိုင်ပါတယ်။

Ref : gsmarena