လက်ရှိအချိန်မှာ Apple ရဲ့ App Store နဲ့ Google Play Store တွေဟာ အကြီးမားဆုံး App Store တွေအဖြစ်ရပ်တည်နေပါတယ်။ ကျန်တဲ့ App Store အနေနဲ့ Huawei ရဲ့ App Gallery ရှိနေပေမယ့် Huawei Device တွေပဲ အသုံးပြုနိုင်တာကြောင့် တခြားသော Device တွေမှာ အသုံးပြုနိုင်ခြင်းမရှိပါဘူး။​

အခုလည်း Microsoft ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ Phil Spencer ကနေ Financial Times နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ထူးခြားတဲ့သတင်းတစ်ခုကို ပြောကြားခဲ့ပါတယ်။ ဒါက DMA လို့ နာမည်ရတဲ့ European Union’s Digital Markets Act ရဲ့ အကူအညီနဲ့ Microsoft ကုမ္ပဏီက ကိုယ်ပိုင် App Store ကို ပြုလုပ်ဖို့ စီစဥ်နေတာပဲဖြစ်ပါတယ်။

European Union ရဲ့ Digital Markets Act ဆိုတာက လာမယ့် ၂၀၂၄ ခုနှစ်မှာ စတင်အကျိုးသက်ရောက်မှာဖြစ်ပြီး အဓိပ္ပါယ်က Apple နဲ့ Google တို့က ထုတ်လုပ်ထားတဲ့ Device တွေမှာ Third-party App Store တွေကို အသုံးပြုဖို့ ခွင့်ပြုရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် Microsoft အနေနဲ့ ကိုယ်ပိုင် App Store ကို စတင်ဆောင်ရွက်ဖို့ အကောင်းဆုံးအချိန်လို့တောင် ပြောနိုင်ပါတယ်။

Microsoft က App Store ကို ပြုလုပ်မယ်ဆိုပေမယ့် စစခြင်းမှာ Xbox မှာရရှိနိုင်တဲ့ ဂိမ်းတွေနဲ့ App Service တွေကို အရင်ဆုံးထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ Xbox ဂိမ်းတွေကို Mobile Device တွေမှာ ဆော့ကစားနိုင်တဲ့အချိန်မှာ Microsoft ဟာ ကိုယ်ပိုင် Ecosystem တစ်ခုကို တည်ဆောက်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။​

Ref – Gizmo China