Microsoft ကနေ Windows 11 OS ကို မိတ်ဆက်ထားတာ အချိန်အားဖြင့်လပိုင်းခန့်ရှိနေပြီဖြစ်ပါတယ်။ အခုဆိုရင် Windows 11 ကို Settings ထဲမှာရှိတဲ့ Windows Insider Program ကနေတစ်ဆင့် Dev Channel သို့မဟုတ် Beta Channel ကို ဝင်ရောက်ပြီး Update ပြုလုပ်နိုင်သလို ISO File အနေနဲ့ပါ Download ပြီး Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Windows 11 ဟာ UI Design ပိုင်းမှာ ပြောင်းလဲမှုတွေအများအပြားပြုလုပ်ထားသလို System App တွေကိုလည်း အကုန်လုံးနီးပါး ပြောင်းလဲထားမှာဖြစ်ပါတယ်။ ဒါပေမယ့် စတင်မိတ်ဆက်တဲ့အချိန်တုန်းက Windows 11 မှာအားနည်းချက်ရှိနေပြီးတော့ Intel 7th Gen နဲ့အောက် Processor တွေနဲ့ AMD First Zen Series Processor တွေမှာ Upgrade ပြုလုပ်နိုင်ခြင်းမရှိအောင် ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး ပိတ်ပင်ထားတဲ့အပြင် TPM 2.0 Security အနေနဲ့ပါ ထည့်သွင်းထားပြီး Support ပြုလုပ်မှသာ Windows 11 ကို အသုံးပြုနိုင်မှာပါ။

အဲ့ဒါကြောင့် Windows 11 ကို Generation အနိမ့် ကွန်ပျူတာတွေမှာ အသုံးပြုနိုင်ဖို့အတွက် Registry Editor ကနေ ပြောင်းလဲပြီး Update ပြုလုပ်နိုင်တဲ့နည်းလမ်းတွေအများအပြားက ပေါက်ကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Windows 11 ကို တရားဝင် Support မပြုလုပ်ရင်တောင်မှ အသုံးပြုနိုင်အောင် ပြုလုပ်နိုင်ပါတယ်။

ဒါကို Microsoft က သိရှိသွားပြီး Windows 11 ကို Generation အနိမ့် PC တွေမှာ Windows 11 ကို သွင်းမရအောင် ပိတ်ပင်ထားမှာမဟုတ်တော့ဘူးလို့ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် Windows Update ကနေတစ်ဆင့် တိုက်ရိုက် Upgrade ပြုလုပ်နိုင်မှာတော့မဟုတ်ဘဲ ISO File ကို သီးသန့် Download ပြုလုပ်ပြီး Upgrade ပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခင်တုန်းကလိုမျိုး Registry Editor မှာ ပြင်ဆင်စရာမလိုအပ်တော့တာကြောင့် ပိုပြီးလွယ်ကူသွားမှာပါ။

အဲ့ဒါကြောင့် အခုအချိန်မှာ Windows 11 ကို အသုံးပြုဖို့အတွက် CPU Generation ကိုကြည့်စရာမလိုအပ်ဘဲ Dual Core နဲ့အထက် 64-bit 1GHz Processor ၊ 4GB RAM နဲ့ 64GB Storage ရှိတာနဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် Intel 8th Gen နဲ့အစောပိုင်း Processor တွေမှာ အသုံးပြုမယ်ဆိုရင်တော့ Windows Update တွေနဲ့ Security Update ပိုင်းမှာတော့ Microsoft ကနေ သတိပေးထားပါတယ်။

ကိုယ့် ကွန်ပျူတာက Windows 11 ကို Official အနေနဲ့ အသုံးပြုနိုင်မလားဆိုတာကို စစ်ဆေးချင်တယ်ဆိုရင်တော့ Microsoft ကနေ PC Health Check App ဆိုပြီး ထုတ်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ App ကနေတစ်ဆင့် Windows 11 ကို တင်တဲ့အချိန်မှာ အဆင်ပြေနိုင်လား၊ ဒါမှမဟုတ် ဘယ် Feature တွေကြောင့် လိုအပ်ချက်ရှိနေသလဲဆိုတာကိုပါ ဖော်ပြပေးသွားမှာပါ။

Ref – The Verge