Microsoft ရဲ့ Windows Defender ဟာ လက်ရှိ Windows 10 PC တွေမှာ Default အနေနဲ့ ပါဝင်သလို Antivirus Software တစ်ခုအနေနဲ့ စွမ်းဆောင်ရည်တော်တော်လေးကို ယခင်ကထက် တိုးတက်လာတယ်လို့ ပြောရမှာပါ။ အခုအချိန်မှာတော့ Microsoft ကနေ အဆိုပါ Windows Defender Antivirus ကို Android နဲ့ iOS အတွက်ပါ ထုတ်ပေးတော့မှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Android OS အတွက် Microsoft Defender ကို Public Preview အနေနဲ့ စတင်အသုံးပြုနေနိုင်ပြီဖြစ်ပါတယ်။ အဆိုပါ Microsoft Defender ဟာ Google ကနေ Default အနေနဲ့ ထည့်ပေးထားတဲ့ Malware Protection ထက်ပိုမိုကောင်းမွန်ပြီးတော့ Signature-based Malware Detection ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် Microsoft Defender ဟာ Malware တွေအတွက် Potentially Unwanted Applications (PUA) တွေကိုပါ အချိန်နဲ့တပြေးညီစစ်ဆေးနေမှာဖြစ်ပါတယ်။ တကယ်လို့ Download ပြုလုပ်ပြီး Install ပြုလုပ်လိုက်တဲ့ App ဟာ Safe ဖြစ်တယ်ဆိုရင်လည်း အသုံးပြုသူကို အနှောင့်အယှက်မဖြစ်တဲ့ Notification နဲ့ အသိပေးသွားမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Microsoft ရဲ့ Web Protection မှာ SMS ၊ Email နဲ့ Social Media ကနေ ပေးပို့လာတဲ့ လုံခြုံမှုမရှိတဲ့ Phishing Website Link တွေကိုလည်း ကာကွယ်ပေးနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် App တွေကနေ အသုံးပြုသူမသိစေဘဲ နောက်ကွယ်မှာ Network Connection ချိတ်ဆက်တာတွေကိုလည်း ကာကွယ်ပေးသွားမယ့် Smart Screen နည်းပညာပါဝင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Microsoft Defender App ဟာ လက်ရှိ Android Device တွေအတွက်ထွက်ရှိထားတဲ့ Antivirus App တွေထက် ပိုပြီးကောင်းမွန်မှာဖြစ်သလို iOS Version ကို မိတ်ဆက်သွားမယ့်အတွက့်လည်း Website တွေကနေ Ads တွေနဲ့ ကြော်ငြာတွေတက်နေတဲ့သူတွေအတွက် မရှိမဖြစ် App တစ်ခုဖြစ်လာနိုင်ပါတယ်။

Ref – The Verge