Xiaomi ရဲ့ နောက်ဆုံးထုတ် UI ဖြစ်တဲ့ MIUI 12 ကို Closed Beta မှာပဲ ဖြန့်ချိပေးထားပါတယ်။ အခုတော့ အိန္ဒိယနဲ့ တခြား နိုင်ငံတွေမှာ Redmi K20 လို့ ခေါ်ပြီး တချို့နိုင်ငံတွေမှာ Mi 9T လို့ခေါ်တဲ့ ဖုန်း တချို့မှာ MIUI 12 Global Stable ROM ကို ဖြန့်ချိပေးလိုက်ပါတယ်။

Version နံပါတ်က 12.0.0.11 ဖြစ်ပြီး Android 10 အခြေပြု ဖြစ်ပါတယ်။ အရင်မျိုးဆက်  MIUI 11 ထက် အများကြီး တိုးတက်မှုတွေ ပါလာပါတယ်။ User Interface အသစ် ပါလာပြီး Lock Screen မှာ Dynamic Clock ထည့်ထားပါတယ်။ Always-on Display ကို Customize ပိုမို လုပ်နိုင်လာသလို Dynamic Video Wallpapers တွေ ထည့်ထားပါတယ်။ စမတ်ဖုန်း လျှင်မြန်သွက်လက်စေတဲ့ လုပ်ဆောင်ချက်တွေ ပါလာပါတယ်။

သင့် စမတ်ဖုန်းမှာ Update ရပြီဆိုရင် Notification နဲ့ အသိပေးမှာ ဖြစ်သလို သင် ကိုယ်တိုင် စစ်ဆေးချင်ရင် Settings -> About Phone -> System updates -> Check for update ကို သွားပြီး Over the Air ကနေ အင်စတောလုပ်နိုင်ပါတယ်။

Ref : gsmarena