ဒီတစ်ခေါက်မှာတော့ Horror Game လန်းလန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နာမည်ကတော့ Identity V ပါ။ တရုတ် Company တစ်ခုဖြစ်တဲ့ Net Ease ကနေထုတ်ထားတာဖြစ်ပြီး Net Ease ဟာ Rule of Survival လို နာမည်ကြီး Game တွေရဲ့ နောက်ကွယ်က Company တစ်ခုဖြစ်ပါတယ်။
Plot
Game စစချင်းမှာပဲ သင့်အနေနဲ့ အလွတ်တန်းစုံထောက်တစ်ယောက်အနေနဲ့လှုပ်ရှားရမှာပါ။ ဇာတ်လမ်းက ကလေးပျောက်သွားတဲ့ လူတစ်ယောက်ကနေ သူ့ကလေးအကြောင်းစုံစမ်းပေးဖို့ စာတစ်စောင်ပို့လိုက်တာကနေစပါတယ်။ သူစုံစမ်းထောက်လှမ်းရင်းနဲ့ အိမ်ဟောင်းကြီးတစ်အိမ်ကိုရောက်သွားပြီး ပရလောကထဲပိတ်မိနေတဲ့ Spirit တွေနဲ့တွေ့ပါတော့တယ်။ Spirit တွေကသူ့ကိုဝင်ဝင်ပူးပြီး နောက်ကြောင်းပြန်တဲ့သဘောမျိုးနဲ့ Tutorial တွေဆော့ရမှာပါ။ ဇာတ်လမ်းတစ်ခုလုံးကို ခြုံငုံပြီးပြောရရင်တော့ မကောင်းဆိုးဝါးတွေက ကလေးတွေကိုဖမ်းပြီး ပရလောကထဲပိတ်ထားပါတယ်။ အဲ့အကြောင်းကို စုံထောက်အဖြစ်ကစားရတဲ့သင့်အနေနဲ့ ထူးဆန်းတဲ့စာအုပ်တွေကတစ်ဆင့် ပြန်ဖတ်နေရတဲ့ပုံစံမျိုးပါ။
Graphic Quality
PUBG လို Reality ဆန်ဆန် Graphic မျိုးမဟုတ်ပဲ Cartoon Style Graphic မျိုးတွေ့ရမှာပါ။ Graphic Structure တွေတော်တော်ကိုလှပြီး သူ့ကိုယ်ပိုင် Color Style မျိုးတွေ့ရတယ်။ ဖုန်းတိုင်းလိုလိုမှာ တူညီတဲ့ Quality မျိုးတွေ့ရပြီး ထစ်သွားတာမျိုးရှားပါတယ်။
Gameplay
Intro ကတော့ တော်တော်ကိုကြာပါတယ်။ ကျွန်တော်ဆော့ကြည့်တုန်းက Intro ပိုင်းကိုကြည့်ပြီး Third Party Solo Player လို့ထင်ခဲ့ပါတယ်။ Intro တော်တော်ကြာတဲ့အတွက် စိတ်တော့နည်းနည်းရှည်ရမယ်။ Tutorial တွေအကုန်ပြီးသွားတာနဲ့ Multiplayer Online ဆော့နိုင်ပါပြီ။ Hunter နဲ့ Survivor Role နှစ်ခုထဲက တစ်ခုရွေးနိုင်ပြီး Hunter တစ်ယောက်နဲ့ Survivor လေးယောက် 1 vs 5 ဆော့ရမှာပါ။
Hunter Role ကဆော့ရင် Survivor လေးယောက်ကို အမိဖမ်းရမှာပါ။ လေးယောက်ထဲက သုံးယောက်လောက်မိရင် Hunter နိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်မှ မမိရင်တော့ Hunter ရှုံးပါတယ်။ Hunter ဘက်က Survivor နှစ်ယောက်မိရင်တော့ သရေဖြစ်ပါတယ်။ Survivor တွေအနေနဲ့ကတော့ ထွက်ပေါက် တံခါးရဲ့ Unlock Code ကို တာဝါတိုင်ငါးတိုင်အောက်က လက်နှိပ်စက်တွေကတစ်ဆင့် ဝှက်စာဖော်ရမှာပါ။ ဝှက်စာဖော်တဲ့နေရာမှာ သူ့ပြတဲ့အမှတ်ကို ရောက်လာခဲ့ရင်ချက်ချင်း နှိပ်ရမှာဖြစ်ပြီး ချိန်သားကိုက်ဖို့လိုပြီး Skillful ဖြစ်မှ အဆင်ပြေပါမယ်။ နည်းနည်းလေးလွဲသွားခဲ့ရင် Tower တိုင်က Shock ဖြစ်ပြီး Hunter က သင့်နေရာသိသွားမှာပါ။ Survivor လေးယောက်လူညီဖို့လိုပြီး Voice Chat မရတော့ ဆိုးပါတယ်။ Fair ဖြစ်အောင်လုပ်ထားတာလည်းပါမှာပါ။ Survivor တွေအနေနဲ့ Tower ငါးတိုင်လုံးကို Code ဖြည်ပြီးရင် အဓိက Main Gate ကိုဖွင့်ဖို့ Unlock Code ရပါပြီး Main Gate က အရှေ့နဲ့အနောက် နှစ်ခုရှိပြီး ကြိုက်တဲ့ Gate ကထွက်လို့ရပါတယ်။ Hunter အနေနဲ့ကတော့ Survivor တွေကို လိုက်ဖမ်းရမှာပါ။ Survivor တွေကိုနှစ်ချက်လောက်ရိုက်လိုက်ရင် မှောက်သွားမှာပါ။ တစ်ချက်နဲ့တစ်ချက်ကြားမှာ ခဏနားရပါသေးတယ်။ မှောက်သွားတဲ့ Survivor ကို မိုးပျံ ဘောလုံးလေးတွေနဲ့တွဲပြီး နီးစပ်ရာ Rocket Chair တွေဆီခေါ်သွားရပါတယ်။ အချိန်ပြည့်သွားရင်တော့ Rocket နဲ့အတူ မိုးပေါ်ပျံပြီး ပေါက်ကွဲသွားမှာပါ။ အချိန်မပြည့်ခင် တစ်ခြား Survivor တွေက လာကယ်လို့ရပါတယ်။ Game Lobby နေရာမှာ စုံထောက်အနေနဲ့ Option တွေရွေးချယ်ရမှာပါ။ Game Mode, Option, Shop အစရှိတဲ့အရာတွေကို အခန်းတစ်ခန်းထဲမှာ မှန်တို့ စာအုပ်စင်တို့အနေနဲ့ တင်စားထားပြီး Game Mode ထဲဝင်ဖို့ စုံထောက်အနေနဲ့ စာအုပ်စင်နားသွားရပါတယ်။ ဆော့တာကြာလေ Character အသစ်တွေရလေဖြစ်ပြီး သက်ဆိုင်ရာ Role နဲ့ဆော့ရမှာပါ။
Sound Effects
Surround Sound တော်တော်ကောင်းပြီး အသံတွေက တော်တော်ကို ကြောက်ဖို့လန့်ဖို့ကောင်းပါတယ်။ အသည်းငယ်တဲ့သူတွေ နှလုံးရောဂါရှိတဲ့သူတွေတော့ မဆော့သင့်ပါဘူး။
System Requirements
iOS 11 နဲ့အထက် iPhone 6s ကစပြီးဆော့နိုင်တယ်။ Android မှာဆိုရင် Android 6.0 နဲ့အထက်ဆော့နိုင်ပြီး Mid Range Processor တွေနဲ့အတူ အနည်းဆုံး RAM 3GB ရှိမှ Smooth ဖြစ်မှာပါ။ Identity V ကို Playstore ကနေရယူနိုင်ပြီး Apk Pure ကနေလည်းရနိုင်ပါတယ်။