iPhone Series တွေဟာ အကောင်းဆုံး Android ဖုန်းတွေရဲ့ ပြိုင်ဖက်တွေလို့ ပြောကြပါတယ်။ အခုတော့ ပထမဆုံး အကြိမ် အနေနဲ့ အမေရိကန်မှာ Android ဟာ iPhone ကို ရှုံးနိမ့်သွားပါတယ်။ စစ်တမ်းအရ အမေရိကန်မှာ စမတ်ဖုန်း သုံးစွဲသူတွေရဲ့ ထက်ဝက်ဟာ iPhone တွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအတွက် Android ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေအတွက် စိုးရိမ်စရာကောင်းလာပါပြီ။

iPhone VS Android - Which Smartphone is More Secure? - The VPN Guru

Counterpoint Research ရဲ့ ဒေတာတွေအရ Apple ဟာ ဒီနှစ် ဇွန်လမှာ အမေရိကန် စမတ်ဖုန်း ဈေးကွက်ရဲ့ ဝေစုကို အများဆုံးရခဲ့ပါတယ်။ အမေရိကန်မှာ အသုံးပြုနေတဲ့ ဖုန်း အရေအတွက်ကို ကြည့်ရင် ၅၀ ရာခိုင်နှုန်းဟာ iPhone တွေ ဖြစ်ပါတယ်။ Counterpoint Research က ပြီးခဲ့တဲ့ ၄ နှစ်အတွင်းမှာ iPhone ကို လူတွေ ပိုကြိုက်လာကြတယ်လို့ ပြောပါတယ်။ တခြားနိုင်ငံတွေမှာလည်း အလားတူ ဖြစ်နိုင်ပါတယ်။

iOS VS ANDROID WHICH ONE IS THE BEST? | APK OFFICE

Samsung ဟာ အမေရိကန်မှာ လူကြိုက်အများဆုံး Android စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာလည်း Samsung ဟာ ရောင်းအား အကောင်းဆုံး Android စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်နိုင်ပါတယ်။ မြောက်အမေရိကက ဖုန်း ရောင်းအား ဒေတာတွေအရ ဒီနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်းမှာ Google Pixel ဖုန်းတွေဟာ ရောင်းအား အလွန် တိုးတက်လာပါတယ်။ ဒါပေမယ့် ရောင်းအား အကောင်းဆုံး ဖုန်း မော်ဒယ် ၅ လုံးက iPhone တွေ ဖြစ်ပါတယ်။

iPhone ဟာ Android စတင် ထွက်ပေါ်ပြီး ၁ နှစ်အကြာ ၂၀၀၇ ခုနှစ်မှာ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ Android သုံးစွဲသူဟာ iOS သုံးစွဲသူထက် များပြားခဲ့ပြီး အဲဒီအချိန်ကတည်းက Android က ဦးဆောင်လာခဲ့တာပါ။ အခုတော့ ပထမဆုံး အကြိမ် အနေနဲ့ iPhone က Android ကို အသာရသွားတာ ဖြစ်ပါတယ်။

ref : androidpolice