Motorola က Edge 40 အမည်ရ Edge 40 Series စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Specs တွေက စွမ်းရည်မြင့်မားပြီး ဒီဇိုင်း လှပပါတယ်။

Motorola Edge 40 announced with Dimensity 8020, 50MP f/1.4 main cam

Edge 40 အတွက် မာကျောတဲ့ ပလတ်စတစ်နဲ့ Vegan Leather ဆိုပြီး ၂ မျိုး ထုတ်လုပ်ထားကာ ပလတ်စတစ်အတွက် အပြာရောင်ကို ထုတ်လုပ်ထားပြီး၊ Vegan Leather အတွက် Black နဲ့ Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။ အနောက်က ၂ လုံးရဲ့ အလေးချိန်က ၁၇၁ ဂရမ်နဲ့ ပလတ်စတစ် မော်ဒယ်က ၁၆၇ ဂရမ် ရှိပါတယ်။ မော်ဒယ် ၃ လုံးစလုံးမှာ IP68 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။

Motorola Edge 40 မှာ 6nm Dimensity 8020 Chipset အသစ် မောင်းနှင်ထားပြီး 8GB LPDDR4X RAM နဲ့ 256GB UFS 3.1 Storage ပါပါတယ်။

Motorola Edge 40 announced with Dimensity 8020, 50MP f/1.4 main cam

6.55 inch 2400x1080p OLED မျက်နှာပြင် တပ်ဆင်ထားပြီး 144Hz Refresh Rate, 360Hz Touch Sampling နဲ့ HDR10+ ထောက်ပံ့ထားပါတယ်။ 8-bit မျက်နှာပြင်ဟာ 1,200 nits Brightness အထိ ပံ့ပိုးပေးပါတယ်။ မျက်နှာပြင်ကို စတီရီယို စပီကာ ၂ လုံးနဲ့ ဝန်းရံထားပြီး Dolby Atmos နဲ့ Tune လုပ်ထားပါတယ်။

ကင်မရာ အကြောင်းပြောရရင် 50MP Main , 13MP Ultrawide (Macro Vision ပါဝင်) ကို အနောက်ဘက်နဲ့ 32MP ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။

4,400mAh Battery ထည့်ထားပြီး 68W Wired Charging နဲ့ 15W Wireless Charging ထောက်ပံ့ထားပါတယ်။ Motorola Edge 40 ကို ယူရို ၅၅၀ နဲ့ စတင် ရောင်းချပေးလိုက်ပါပြီ။

Ref : gsmarena