Motorola က စွမ်းရည်မြင့် Edge 50 Ultra ကို ကြေညာလိုက်ပါတယ်။ အရောင် ၃ မျိုးထုတ်လုပ်ထားပြီး Forest Grey နဲ့ Peach Fuzz မှာ အနောက်ဘက်ကို သားရေအတုနဲ့ တည်ဆောက်ထားကာ Nordic Wood မှာ အနောက်ဘက်ကို သစ်သားနဲ့ တည်ဆောက်ထားကာ သစ်သားရနံ့ ထည့်သွင်းထားပါတယ်။ မော်ဒယ်အားလုံးမှာ အလူမီနီယမ် ဖရိမ် တပ်ဆင်ထားပါတယ်။

Motorola Edge 50 Ultra

6.7” LTPS pOLED 2712x1220p 144Hz Display ပါလာပြီး 2,500 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ HDR10+ ပါလာပြီး Screen-to-body Ratio က ၉၃.၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ 3D Corning Gorilla Glass Victus နဲ့ ကာကွယ်ထားပြီး Under-display Fingerprint Sensor ပါပါတယ်။

Motorola Edge 50 Ultra

Snapdragon 8s Gen 3 Chipset မောင်းနှင်ထားပြီး 16GB LPDDR5X RAM နဲ့ 1TB UFS 4.0 Storage ပါပါတယ်။ 125W Wired , 50W Wireless Charging နဲ့ 10W Wireless Power  Sharing ထောက်ပံ့တဲ့ 4,500mAh Battery ထည့်ထားပါတယ်။ Android 14 အခြေပြု OS မောင်းနှင်ထားပါတယ်။

Motorola Edge 50 Ultra

အနောက်ဘက်မှာ 50MP (Omnidirectional Autofocus နဲ့ OIS) ၊ 64MP Periscope နဲ့ 50MP Ultrawide ကင်မရာ ၃ လုံး ပါလာပြီး အရှေ့ဘက်မှာ 50MP ကင်မရာ တပ်ထားပါတယ်။ ကင်မရာ အားလုံးဟာ 4K 60fps Video နဲ့ 1080p Slow-motion Video ရိုက်ကူးနိုင်ပါတယ်။ ကင်မရာမှာ AI Feature တွေလည်း ထည့်သွင်းထားပါတယ်။

Motorola Edge 50 Ultra ရဲ့ တန်ဖိုးအနည်းဆုံးမော်ဒယ်ကို ၉၉၉ ယူရို သတ်မှတ်ထားပြီး ရောင်းချမယ့်နေ့ကို မသိရသေးပါဘူး။

Ref : gizmochina