Motorola က အမေရိကန်မှာ Moto G Power 5G ကို ကြေညာလိုက်ပြီး 6.5” 120Hz IPS LCD မျက်နှာပြင် ပါလာပါတယ်။ FHD+ Resolution ထောက်ပံ့ထားပြီး 5G ဆက်သွယ်မှု ရတဲ့ MediaTek Dimensity 930 Chipset မောင်းနှင်ထားပါတယ်။ 15W Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပေမယ့် ဘူးထဲမှာ 10W Charger ပဲ ပါလာပါတယ်။

Motorola Moto G Power 5G debuts with 120Hz LCD and Dimensity 930 chipset

Moto G Power 5G ရဲ့ အနောက်ဘက်မှာ 50MP Main , 2MP Macro နဲ့ Depth ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ Android 13 အခြေပြု Moto MyUX Interface ထည့်သွင်းထားပြီး 6GB RAM နဲ့ 256GB Storage ပါပါတယ်။ microSD Card စိုက်နိုင်ပြီး နားကြပ်ပေါက် ပါလာပါတယ်။

Moto G Power 5G အတွက် အနက်နဲ့ အဖြူရောင် ထုတ်လုပ်ထားပြီး 6/256GB မော်ဒယ်ကို ဒေါ်လာ ၃၀၀ သတ်မှတ်ထားပါတယ်။ အမေရိကန်မှာ ဧပြီလ ၁၃ ရက်နေ့ စတင် ရောင်းချမှာ ဖြစ်ပြီး Motorola.com , Amazon နဲ့ BestBuy ကနေ ဝယ်ယူနိုင်ပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ Metro by T-Mobile, Spectrum Mobile နဲ့ Xfinity Wireless တို့ကနေ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena