Motorola Nio ဟာ Motorola ရဲ့ နောက်ထုတ်မယ့် စွမ်းရည်မြင့် စမတ်ဖုန်းလို့ သတင်းထွက်နေပါတယ်။ အခုတော့ တရားဝင် မကြေညာခင်မှာ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Dual Punch Hole မျက်နှာပြင် ထည့်သွင်းထားပြီး အနောက်ဘက်မှာ Moto G 5G Plus လို ကင်မရာ ဒီဇိုင်း ပါလာပါတယ်။

အနောက်ဘက် အရောင်ဟာ Sky Version လို့ သတင်းပေးသူက ပြောပါတယ်။ ဒါ့အပြင် Green/Blue အရောင်လည်း ထွက်လာမယ်လို့ သိရပါတယ်။ အနောက်ဘက်မှာ 64MP ကင်မရာပါလာနိုင်ပြီး Audio Zoom စာသားကို မြင်ရပါတယ်။ ညာဘက်မှာ အသံနဲ့ ပါဝါ ခလုတ်တွေ တပ်ဆင်ထားပါတယ်။

Motorola Nio ကို WiFi Alliance မှာ မှတ်ပုံတင်ထားပြီး WiFi 2.4, 5GHz နဲ့ Android 11 ပါမယ်လို့ ဖော်ပြထားပါတယ်။ FCC နဲ့ TUV မှာတော့ 5G , WiFi 6 , Bluetooth , NFC , GNSS , 5000mAh ဘက်ထရီနဲ့ 20W Charging ပါမယ်လို့ ရေးသားထားပါတယ်။ အရင်သတင်းတွေအရ Nio မှာ Snapdragon 865 SoC အဟောင်းနဲ့ 64MP အပါအဝင် အနောက်ကင်မရာ ၃ လုံး ထည့်သွင်းထားမယ်လို့ သိရပါတယ်။ ဒါပေမယ့် နောက်ပိုင်းထွက်လာတဲ့ ပုံတွေမှာ အနောက်ကင်မရာ ၄ လုံး ပါလာတာ မြင်ရပါတယ်။

အဲဒီ ဖုန်းမှာ FHD+ မျက်နှာပြင်, 105Hz Refresh Rate , 8/12GB RAM နဲ့ 128/256GB Storage တွေ ထည့်သွင်းထားနိုင်ပြီး ကင်မရာ အကြောင်းပြောရရင် အနောက်ဘက်မှာ 64MP Main , 16MP Ultrawide နဲ့ အရှေ့ဘက်မှာ 16MP , 8MP Ultrawide ကင်မရာတွေ တပ်ဆင်ထားနိုင်ပါတယ်။ Nio ကို တရုတ်မှာ Motorola Edge S နာမည် ၊ တခြားနိုင်ငံတွေမှာ Moto G Series အနေနဲ့ ရောင်းနိုင်ပါတယ်။

Ref : gizmochina