Motorola က Foldable ဖုန်း အသစ် ၁ လုံးကို ကြေညာဖို့ ပြင်ဆင်နေပြီး အခုတော့ Geekbench ကနေ အဲဒီဖုန်းရဲ့ Specs တချို့ သိလာရပါပြီ။ အဲဒီ ဖုန်းဟာ Motorola Razr+ 2023 ဖြစ်ပြီး Snapdragon 8+ Gen 1 Chipset နဲ့ 8GB RAM ထည့်သွင်းထားပါတယ်။ မကြာခင်က ပေါက်ကြားခဲ့တဲ့ Specs တွေနဲ့ တူညီပေမယ့် အရင်သတင်းအရ အဲဒီဖုန်း အမည်ဟာ Razr Ultra ဖြစ်ပါတယ်။ ဖုန်း အမည်က မရေရာ မသေချာသေးပါဘူး။

Moto Razr+ 2023 on Geekbench

နောက်ထွက်မယ့် Razr Foldable ဖုန်းဟာ Single-core မှာ ၁,၇၀၂ နဲ့ Multi-core မှာ ၄,၀၇၃ မှတ်ရထားပါတယ်။ Geekbench မှာ Android 13 OS အခြေပြု Moto MyUX မောင်းနှင်ထားတယ်လို့ ဖော်ပြထားပါတယ်။ နောက်မျိုးဆက် Moto Razr မှာ အဆင့်မြှင့်ထားတဲ့ 3.5 Inch Cover မျက်နှာပြင် ပါလာနိုင်ပြီး 1056x1066p Resolution ရှိမှာပါ။ ပင်မ 6.7 Inch 1080x2640p AMOLED မျက်နှာပြင်မှာ 120Hz or 144Hz Refresh Rate ထည့်သွင်းထားနိုင်ပါတယ်။

12MP ကင်မရာ ၂ လုံး တပ်ဆင်ထားနိုင်ပြီး Punch Hole မှာ 32MP အရှေ့ ကင်မရာ ပါလာနိုင်ပါတယ်။ 33W Charging Support ပါတဲ့ 3,640mAh Battery ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena