ပြီးခဲ့တဲ့ ရက်ပိုင်းက Motorola Razr 40 Foldable ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပြီး အခုတော့ Razr 40 Ultra ရဲ့ အလှည့် ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ တရားဝင်လို့ ထင်ရတဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာပြီး အရောင် ၃ ရောင် မြင်ရပါတယ်။

အဲဒီ ဓါတ်ပုံတွေမှာ ဖုန်း အမည်ကို အတည်ပြုထားပြီး ဖုန်းရဲ့ အမိုက်ဆုံး အစိတ်အပိုင်းက အပြင်ဘက် မျက်နှာပြင် ဖြစ်ပါတယ်။ ဒီလို Foldable ဖုန်းအမျိုးအစားတွေထဲမှာ အကြီးမားဆုံး အပြင်ဘက် မျက်နှာပြင် ထည့်သွင်းထားတာ ဖြစ်ပြီး ရနိုင်သလောက် နေရာကျယ်ကျယ်ယူထားပါတယ်။ ကင်မရာတွေနဲ့ Flash တွေရဲ့ အနီးဆုံး နေရာတွေအထိ မျက်နှာပြင်ကို နေရာယူထားပါတယ်။ ပြိုင်ဖက်တွေနဲ့ ယှဉ်ရင် တော်တော် အထင်ကြီးစရာ ကောင်းပါတယ်။

Razr 40 Ultra မှာ Snapdragon 8+ Gen 1 SoC မောင်းနှင်ထားမယ်လို့ သတင်းထွက်နေပြီး ပင်မမျက်နှာပြင်မှာ 1080x2640p Resolution ထောက်ပံ့ထားမှာပါ။ 120Hz or 144Hz Refresh Rate ပါလာနိုင်ပါတယ်။ အပြင်ဘက်မျက်နှာပြင်မှာ 1056x1066p Resolution ထည့်သွင်းထားနိုင်ပြီး 512GB Storage နဲ့ 12GB RAM အထိ ရွေးချယ်နိုင်မှာပါ။ 33W Charging ထောက်ပံ့တဲ့ 3,640mAh Battery ပါလာနိုင်ပါတယ်။

ပင်မ ကင်မရာက 12MP ဖြစ်ပြီး Sony IMX563 Sensor ကို သုံးထားမှာပါ။ နောက်ထပ် ကင်မရာ ၁ လုံးက 13MP Ultrawide ဖြစ်ပြီး SK Hynix Hi1336 Sensor ဖြစ်မှာပါ။ အတွင်းဘက်မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး OmniVision OV32B40 Sensor ဖြစ်နိုင်ပါတယ်။

Ref : gsmarena