Motorola က အမေရိကန်မှာ စွမ်းရည်မြင့် Edge+ ကို ကြေညာလိုက်ပြီး နိုင်ငံတကာ Moto Edge 40 Pro ကို အမည်ပြောင်းထားတာဖြစ်ပါတယ်။ ဒါပေမယ့် Edge 40 Pro ရဲ့ 4,600mAh Battery ထက် ပိုကြီးတဲ့ 5,100mAh Battery ကို Edge+ မှာ ထည့်သွင်းထားပါတယ်။ ဖုန်း ၂ လုံးရဲ့ အရွယ်အစားတွေက တူညီကြပါတယ်။

Motorola Edge+

Moto Edge+ မှာ 6.67” 1080x2400p AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 165Hz Refresh Rate ၊ HDR10+ နဲ့ Dolby Vision ထောက်ပံ့ထားပါတယ်။

Motorola unveils flagship Edge Plus (2023) in the US with competitive $799 price

အရှေ့ဘက်မှာ 4K Video ရိုက်ကူးနိုင်တဲ့ 60MP ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main (OIS) , 2x 12MP Portrait နဲ့ 50MP Autofocusing Ultrawide (Macro) ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။

Motorola unveils flagship Edge Plus (2023) in the US with competitive $799 price

68W Wired Charging နဲ့ 15W Wireless Charging ထောက်ပံ့ထားပြီး Moto Edge 40 Pro မှာ 125W Wired Charging ထည့်ထားပါတယ်။

Moto Edge+ မှာ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားပြီး 8GB RAM ထည့်ထားပါတယ်။ 256GB or 512GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ Motorola က OS Update ကို ၃ နှစ်၊ Security Update ကို ၄ နှစ်ပေးမယ်လို့ ပြောပါတယ်။

ဖုန်းရဲ့ အနောက်နဲ့ အရှေ့ကို Gorilla Glass Victus နဲ့ ကာကွယ်ထားပြီး IP68 ရေစိုခံစံနှုန်း ပါပါတယ်။ မေလ ၂၅ ရက်နေ့ Amazon, Best Buy နဲ့ Motorola.com ကနေ Unlock Version ကို ရောင်းမှာပါ။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ဒေါ်လာ ၈၀၀ သတ်မှတ်ထားပါတယ်။

Ref : gsmarena