Motorola က လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဈေးအချိုဆုံး 5G ဖုန်း ဖြစ်တဲ့ Moto G 5G ကို ကြေညာခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ မျိုးဆက်သစ်ကို ချပြခဲ့ပါတယ်။ အခုတော့ မော်ဒယ်အသစ်ကို ကြေညာလိုက်ပါတယ်။

New Moto G 5G unveiled with Snapdragon 480+ and lower price tag, new Moto G Stylus joins it

Moto G 5G (2023) မှာ Snapdragon 480+ Chipset မောင်းနှင်ထားပြီး ဒေါ်လာ ၂၅၀ နဲ့ မေလ ၂၅ ရက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ထုတ် မော်ဒယ်ကိုတော့ ဒေါ်လာ ၄၀၀ နဲ့ ရောင်းချခဲ့တာပါ။ မော်ဒယ်အသစ်ကို Motorola.com, Best Buy, Amazon တို့နဲ့အတူ T-Mobile, Metro, AT&T , Boost Infinite, Boost Mobile, Cricket , Google Fi, US Cellular နဲ့ Consumer တို့ကနေ ရောင်းချမှာပါ။

New Moto G 5G unveiled with Snapdragon 480+ and lower price tag, new Moto G Stylus joins it

Moto G 5G (2023) မှာ 4GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး 1TB microSD Card စိုက်နိုင်ပါတယ်။ Stock Android 13 မောင်းနှင်ထားပြီး 6.5” LCD 1600x720p မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။

ရေစက်ရေပေါက်တွေကို ခံနိုင်တဲ့ ဒီဇိုင်း ဖြစ်ပြီး အထူက ၈.၄ မီလီမီတာနဲ့ အလေးချိန်က ၁၈၉ ဂရမ် ဖြစ်ပါတယ်။ အောက်ခြေမှာ နားကြပ်ပေါက်နဲ့ USB-C Port တပ်ဆင်ထားပါတယ်။ 5,000mAh Battery နဲ့ 15W Charging ထောက်ပံ့ထားပြီး Dolby Atmos ပါတဲ့ စတီရီယို စပီကာတွေ ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 48MP , 2MP Depth , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ လက်ဗွေရာ ကိရိယာ ပါသလို Face Unlock လည်း သုံးနိုင်ပါတယ်။

Ref : gsmarena