Unicode

မော်ဒယ်နံပါတ် PDBM00 လို့ပေးထားတဲ့ Oppo ဟန်းဆက်တစ်လုံးကို TENAA ပေါ်မှာ တွေ့လာခဲ့ရပြီး အဆိုပါ ဖုန်းရဲ့ Render ပုံပါ ပါဝင်ခဲ့ပါတယ်။ ဒီဖုန်းရဲ့အမည်ကိုတော့ မသိရသေးပေမယ့် Specs တော်တော်များများကို ဖော်ပြလာခဲ့တာကြောင့် မကြာခင် ပွဲထွက်လာမယ့် ဖုန်းတွေထဲက တစ်လုံးလို့ ယူဆရပါတယ်။

Oppo စမတ်ဖုန်းသစ်မှာ 6.5” လက်မအရွယ် Display တစ်ခုပါဝင်ပေမယ့် ဘာ Resolution လဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ သူနဲ့အတူ ပါလာတဲ့ ပုံရိပ်ကိုသေချာကြည့်ရင် Waterdrop Notch ပါဝင်တာကိုပါ မြင်တွေ့ရမှာပါ။

PDBM00 ဖုန်းသစ်ရဲ့ ကိုယ်ထည်အချိုးက 163.9 x 75.8 x 8.3mm ရှိပြီး ဘက္ထရီပမာဏက 4,230 mAh ပါဝင်တာကိုလည်း တွေ့ရပါတယ်။ ကျန်တဲ့ အချက်အလက်တွေကိုတော့ TENAA ရဲ့ဖော်ပြချက်မှာ မတွေ့ရသေးပါဘူး။

ဖုန်းရဲ့ပုံရိပ်ထဲမှာ Volume ခလုတ်ကို ဘယ်ဘက်မှာ ထည့်သွင်းထားတာ မြင်ရမှာဖြစ်ပြီး Power ခလုတ်ကိုတော့ ဟန်းဆက်ရဲ့ ညာဘက်အစွန်းမှာ တွေ့ရပါတယ်။ နောက်ဘက်မှာ Fingerprint ပါဝင်လာပြီး အပေါ်ဘယ်ထောင့်မှာ Triple-camera ပါဝင်လာပါတယ်။

ပုံရိပ်နဲ့ ပါဝင်တဲ့ Specs တွေကိုကြည့်ရင် ဒီဖုန်းအသစ်ဟာ Mid-range တန်းလောက် ဖြစ်မယ်လို့ ယူဆရတာကြောင့် Oppo ရဲ့ A စီးရီးဝင်သစ် ဖြစ်လာနိုင်ပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ဒီဖုန်းရဲ့ သတင်းကို ထပ်ပြီးကြားရဦးမှာပါ။

Ref – Playful Droid

Zawgyi

ေမာ္ဒယ္နံပါတ္ PDBM00 လို႔ေပးထားတဲ့ Oppo ဟန္းဆက္တစ္လုံးကို TENAA ေပၚမွာ ေတြ႕လာခဲ့ရၿပီး အဆုိပါ ဖုန္းရဲ႕ Render ပုံပါ ပါဝင္ခဲ့ပါတယ္။ ဒီဖုန္းရဲ႕အမည္ကိုေတာ့ မသိရေသးေပမယ့္ Specs ေတာ္ေတာ္မ်ားမ်ားကို ေဖာ္ျပလာခဲ့တာေၾကာင့္ မၾကာခင္ ပြဲထြက္လာမယ့္ ဖုန္းေတြထဲက တစ္္လုံးလုိ႔ ယူဆရပါတယ္။

Oppo စမတ္ဖုန္းသစ္မွာ 6.5” လက္္မအရြယ္ Display တစ္္ခုပါဝင္ေပမယ့္ ဘာ Resolution လဲ ဆုိတာကိုေတာ့ မသိရေသးပါဘူး။ သူနဲ႔အတူ ပါလာတဲ့ ပုံရိပ္္ကိုေသခ်ာၾကည့္ရင္ Waterdrop Notch ပါဝင္တာကိုပါ ျမင္ေတြ႕ရမွွာပါ။

PDBM00 ဖုန္းသစ္ရဲ႕ ကိုယ္ထည္အခ်ဳိးက 163.9 x 75.8 x 8.3mm ရွိၿပီး ဘကၳရီပမာဏက 4,230 mAh ပါဝင္တာကိုလည္း ေတြ႕ရပါတယ္။ က်န္တဲ့ အခ်က္အလက္ေတြကိုေတာ့ TENAA ရဲ႕ေဖာ္ျပခ်က္မွာ မေတြ႕ရေသးပါဘူး။

ဖုန္းရဲ႕ပုံရိပ္ထဲမွာ Volume ခလုတ္ကို ဘယ္ဘက္မွာ ထည့္သြင္္းထားတာ ျမင္ရမွာျဖစ္ၿပီး Power ခလုတ္ကိုေတာ့ ဟန္းဆက္ရဲ႕ ညာဘက္အစြန္းမွာ ေတြ႕ရပါတယ္္။ ေနာက္ဘက္မွာ Fingerprint ပါဝင္လာၿပီး အေပၚဘယ္ေထာင့္မွာ Triple-camera ပါဝင္လာပါတယ္။

ပုံရိပ္နဲ႔ ပါဝင္တဲ့ Specs ေတြကိုၾကည့္ရင္ ဒီဖုန္းအသစ္ဟာ Mid-range တန္းေလာက္ ျဖစ္မယ္လို႔ ယူဆရတာေၾကာင့္ Oppo ရဲ႕ A စီးရီးဝင္သစ္ ျဖစ္လာႏုိင္ပါတယ္။ လာမယ့္ရက္အနည္းငယ္အတြင္းမွာ ဒီဖုန္းရဲ႕ သတင္းကို ထပ္ၿပီးၾကားရဦးမွာပါ။

Ref – Playful Droid