အမျိုးသမီး ၈ ယောက်မှာ ၁ ယောက် ဖြစ်ကြတဲ့ ရင်သား ကင်ဆာကို စောစောစီးစီး သိနိုင်ဖို့ ရင်သားကို စစ်ဆေးဖို့ဟာ အဓိက အချက် ဖြစ်ပါတယ်။ ရင်သား စစ်ဆေးတာကို လေ့ကျင့်ထားတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ သာမက မိမိကိုယ်တိုင် အိမ်မှာ စစ်ဆေးနိုင်ပါတယ်။

ရင်သား အကျိတ် အများစုကို မိမိကိုယ်တိုင် စစ်ဆေးကာ သိနိုင်သလို ကျန်းမာရေး ဝန်ထမ်းတွေက စစ်ဆေးပေးခြင်းဖြင့် သိနိုင်ပေမယ့် အချိန်အနည်းငယ် နောက်ကျပြီးမှ သိနိုင်ကြပါတယ်။

Various stages of device examining fake breast.

အခုတော့ ဘရစ်စတို တက္ကသိုလ်မှ သုတေသနပညာရှင်တွေက ရင်သား ကင်ဆာကို အစောပိုင်း အဆင့်မှာတင် စစ်ဆေးပေနိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ အဲဒီစက်ရုပ်ကို Robotic Radial Palpation Mechanism (IRIS) လို့ အမည်ပေးထားပြီး စက်ရုပ်က ဆန်ဆာ နည်းပညာကို အသုံးပြုကာ အကျိတ်တွေကို စစ်ဆေးပေးနိုင်ပါတယ်။

Graphic of clinical breast examination by device.

ပညာရှင်တွေက စက်ရုပ်ကို 3D Printing နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး ဆီလီကွန် ရင်သား အတုတွေနဲ့ အကြိမ်များစွာ စမ်းသပ်ပြီးပါပြီ။ စက်ရုပ်ရဲ့ ရင်သား ကင်ဆာ စစ်ဆေးတဲ့ ရလဒ်တွေဟာ တိကျမှန်ကန်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ပညာရှင်တွေက စက်ရုပ်ကို ဆေးရုံတွေမှာ တကယ့် လူတွေနဲ့ စမ်းသပ်ဖို့ စီစဉ်နေကြပြီး အနာဂတ်မှာ ရင်သား ကင်ဆာကို စောစောစီးစီး စစ်ဆေးပေးနိုင်ဖို့ အသုံးဝင်တဲ့ စက်ရုပ် အဖြစ် မျှော်လင့်ထားကြပါတယ်။

Ref : inceptivemind