Samsung ဟာ ဩဂုတ်လ ၁၀ ရက်နေ့မှာ Unpacked Event ၁ ခုကို ကျင်းပတော့မှာ ဖြစ်ပြီး Galaxy Z Fold4 နဲ့ Galaxy Z Flip4 တို့ကို မြင်ရတော့မှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ Audio Wearable အသစ်တွေကိုပါ ချပြနိုင်ပြီး ဒီတစ်ခါမှာ Galaxy Buds2 Pro သို့မဟုတ် Galaxy Buds Pro 2 ကို မိတ်ဆက်နိုင်ပါတယ်။

Samsung Galaxy Buds Pro | Wireless Earbuds | Samsung UK

အခုတော့ နာမည်ကြီး Tipster Max Jamboor က အဲဒီ နားကြပ်အသစ်တွေကို အမြောက်အများ စတင် ထုတ်လုပ်နေပြီလို့ သတင်းပေးလာပါတယ်။ SnoopyTech က အဲဒီ နားကြပ်အသစ်တွေရဲ့ အရောင်တွေကို မျှဝေလာပြီး  Zenith White, Zenith Bora Purple နဲ့ Zenith Graphite အရောင်တွေလို့ သိရပါတယ်။

Samsung Galaxy Buds Pro Outlet Sale, UP TO 70% OFF | agrichembio.com

Samsung Galaxy Buds Pro ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ကြေညာခဲ့ပြီး နောက်မျိုးဆက်မှာ ပိုမို ကြီးမားတဲ့ ဘက်ထရီနဲ့ လုပ်ဆောင်ချက် အသစ်တွေ ပါလာနိုင်ပါတယ်။ Pro Series ထက် ဈေးသက်သာတဲ့ Galaxy Buds2 ကို ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်ထဲမှာ Samsung ရဲ့ နားကြပ် အသစ်တွေ မထွက်လာသေးပါဘူး။ ထွက်လာရင်လည်း စွမ်းရည်မြင့် မော်ဒယ်အသစ်တွေပဲ ထွက်လာနိုင်ပါတယ်။ လက်ရှိမှာ Galaxy Buds2 Pro သို့မဟုတ် Galaxy Buds Pro 2 ရဲ့ Specs နဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာခြင်း မရှိသေးဘဲ ထွက်လာခဲ့ရင် Update အနေနဲ့ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena