Xiaomi ဟာ Redmi K30S စမတ်ဖုန်းကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ မိတ်ဆက်သွားမယ်ဆိုတာကို တရားဝင်အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ အခုလည်း မမိတ်ဆက်ခင် ၁ ရက်အလိုမှာတင် Redmi K30S ကို ရောင်းချလာနိုင်တဲ့ စျေးနှုန်းကို Xiaomi ရဲ့ Product Manager ကနေ ပြောကြားလိုက်ပါပြီ။

Xiaomi Redmi K30S စမတ်ဖုန်းဟာ လက်ရှိ Global စျေးကွက်မှာ မိတ်ဆက်ထားတဲ့ Mi 10T စမတ်ဖုန်းကိုပဲ နာမည်ပြောင်းလဲထားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျန်တဲ့ Specification တွေနဲ့ Design ပိုင်းတွေအကုန်လုံးက Mi 10T နဲ့ ဆင်တူနေမှာပါ။

အခုလည်း Xiaomi Redmi ရဲ့ Product Director ဖြစ်တဲ့ Wang Teng Thomas ကနေ Weibo စာမျက်နှာမှာ Redmi K30S ဖုန်းရဲ့ စျေးနှုန်းက တရုတ်ယွမ်ငွေ ၂,၅၀၀ ဝန်းကျင်ပဲရှိမယ်ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ ဒါက မြန်မာငွေအနေနဲ့ ၄ သိန်း ၈ သောင်းဝန်းကျင်ပဲ ကျသင့်မှာဖြစ်သလို လက်ရှိမှာ စျေးအသက်သာဆုံးသော Snapdragon 865 Chipset ပါဝင်တဲ့ စမတ်ဖုန်းပါ ဖြစ်လာနိုင်ပါတယ်။

လောလောဆယ်မှာ iQOO Neo3 စမတ်ဖုန်းဟာ တရုတ်နိုင်ငံအတွင်းမှာ ယွမ်ငွေ ၂,၅၉၈ နဲ့ စျေးအသက်သာဆုံး Snapdragon 865 ဖုန်းဖြစ်နေပြီးတော့ Xiaomi က Redmi K30S နဲ့ အဆိုပါ နေရာကိုဝင်ရောက်သွားဖို့ များနေပါပြီ။

Redmi K30S စမတ်ဖုန်းက လက်ရှိသိထားတဲ့သတင်းတွေအရ 6.67″ 144Hz Full HD+ IPS LCD Display ၊ Qualcomm Snapdragon 865 Chipset ၊ LPDDR5 RAM ၊ UFS 3.1 Storage ၊ Side-mounted Fingerprint ၊ 5000mAh Battery နဲ့ 33W Fast Charging စနစ်တွေပါဝင်မှာဖြစ်ပါတယ်။ Camera အနေနဲ့လည်း 64MP Triple Camera Setup နဲ့ 20MP Selfie Camera တွေပါဝင်လာမှာပါ။

Ref – Gizmo China