Zawgyi

HMD Global ကေန ကိုင္တြယ္ၿပီးေနာက္မွာေတာ့ Nokia ကေန Build Quality ခပ္ၾကမ္းၾကမ္းနဲ႕ ဒီဇိုင္းခပ္လန္းလန္း Mid-range ဖုန္းမ်ားစြာကို သုံးစြဲသူေတြဆီ ယူေဆာင္လာေပးခဲ့ပါတယ္။ Nokia ကုမၸဏီဟာ အခုေနာက္ဆုံးထြက္ Flagship ဖုန္းအျဖစ္ Nokia 9 Pure View နဲ႕အတူ Nokia 1 Plus နဲ႕ Nokia 4.2 တို႔ကိုပါ ထုတ္ထားပါတယ္။ အဆိုပါ Nokia 1 Plus လိုဖုန္းေတြက ကုမၸဏီရဲ႕ Mid-Range ဖုန္းေစ်းကြက္ေနရာကို ျဖည့္ဆည္းေပးဖို႔ပါ။ ဒါေပမယ့္လည္း ဖုန္းကို ဖုန္းတစ္လုံးလိုသာ သုံးခ်င္တဲ့သူေတြအတြက္ေတာ့ Feature ဖုန္းတစ္လုံးျဖစ္တဲ့ Nokia 210 ကိုပါ ထပ္မံမိတ္ဆက္ေပးထားပါတယ္။

အရင္ထုတ္ထားဖူးတဲ့ Nokia Aisha နဲ႕မတူပဲ Nokia 210 ဟာ ကုမၸဏီရဲ႕ အဆိုအရ ျပဳတ္က်တဲ့ဒဏ္ နဲ႕ ေဆာင့္မိတဲ့ ဒဏ္ေတြကို ခံနိုင္ရည္ရွိေစဖို႔ Polycarbonate ပလတ္စတစ္အခြံနဲ႕ တည္ေဆာက္ထားတယ္လို႔ သိရပါတယ္။ အျမင္ပိုင္းလည္း ဆန္းသစ္လွပၿပီး ဖုန္းအ႐ြယ္အစားက လက္ဖဝါးတစ္ခုစာပဲ ရွိပါတယ္။ Charcoal, Red နဲ႕ Grey စတဲ့ အေရာင္ေတြနဲ႕ ထုတ္လုပ္ထားၿပီး ဖုန္းပုံစံေလးက အေတာ္ေလး ခ်စ္စရာေကာင္းတာကို ေတြ႕ရပါတယ္။

Nokia 210 မွာ 2.4-inches အ႐ြယ္ QVGA Display တပ္ဆင္ေပးထားပါတယ္။ ဖုန္းစြမ္းေဆာင္ရည္အတြက္ MediaTek ရဲ႕ MT6260A ပရိုဆက္ဆာကို တပ္ဆင္ေပးထားပါတယ္။ Operating System ပိုင္းအတြက္ေတာ့ Nokia ရဲ႕ ကိုယ္ပိုင္ S30+ OS ကို ေမာင္းႏွင္ေပးထားပါတယ္။ အဆိုပါ Operating System မွာ ျပဳျပင္မြမ္းမံထားတဲ့ UI အသစ္နဲ႕အတူ ဖုန္းဒီဇိုင္းနဲ႕လိုက္ဖက္ေစမယ့္ Icon အသစ္ေတြကို ထည့္သြင္းေပးထားတယ္လို႔ သိရပါတယ္။

ေနာက္ေက်ာဘက္မွာ VGA ကင္မရာေလးပါဝင္လာၿပီး LED Flash Light ေလးလဲ ထည့္သြင္းေပးထားပါေသးတယ္။ ကီးပတ္ဖုန္းတစ္လုံး အတြက္ အေရးအႀကီးဆုံးျဖစ္တဲ့ ဘက္ထရီပိုင္းမွာေတာ့ 1,020 mAh ဘက္ထရီကို ထည့္သြင္းေပးထားပါတယ္။ အဆိုပါ ဘက္ထရီ ပမာဏဟာ ကီးပတ္ဖုန္း တစ္လုံးအတြက္ အေတာ္ေလးမ်ားတဲ့ ပမာဏျဖစ္ၿပီး အားအျပည့္သြင္းထားရင္ ရက္ ၂၀ ေက်ာ္ထိ ေအးေအးေဆးေဆး အသုံးျပဳနိုင္မွာပါ။

အဆိုပါ ကီးပတ္ဖုန္းေလးဟာ Dual SIM ထည့္သြင္းလို႔ရၿပီး GSM 900/1800 လို မိုဘိုင္း ကြန္ရက္အမ်ိဳးမ်ိဳး ကိုအေထာက္အပံ့ေပးပါတယ္။ အဲ့တာေၾကာင့္ Opera Mini လို App ေတြကတစ္ဆင့္ အင္တာနက္ၾကည့္နိုင္ၿပီး သူ႕ရဲ႕ App Store က တစ္ဆင့္လည္း တစ္ျခားလိုအပ္တဲ့ App ေတြ ေဒါင္းလုဒ္ ရယူနိုင္ပါေသးတယ္။ Nokia 210 ကီးပတ္ဖုန္းေလးကို မတ္လ အေစာပိုင္းမွာ ဝယ္ယူလို႔ရမွာျဖစ္ၿပီး $35 သာက်သင့္မွာပါ။ ျမန္မာေငြအရဆို ငါးေသာင္းခြဲ ဝန္းက်င္ရွိပါတယ္။

Ref: Giz China

Unicode

ဖုန်းသီးသန့်ပြောချင်သူတွေ အတွက် $35 တန် Nokia 210

HMD Global ကနေ ကိုင်တွယ်ပြီးနောက်မှာတော့ Nokia ကနေ Build Quality ခပ်ကြမ်းကြမ်းနဲ့ ဒီဇိုင်းခပ်လန်းလန်း Mid-range ဖုန်းများစွာကို သုံးစွဲသူတွေဆီ ယူဆောင်လာပေးခဲ့ပါတယ်။ Nokia ကုမ္ပဏီဟာ အခုနောက်ဆုံးထွက် Flagship ဖုန်းအဖြစ် Nokia 9 Pure View နဲ့အတူ Nokia 1 Plus နဲ့ Nokia 4.2 တို့ကိုပါ ထုတ်ထားပါတယ်။ အဆိုပါ Nokia 1 Plus လိုဖုန်းတွေက ကုမ္ပဏီရဲ့ Mid-Range ဖုန်းစျေးကွက်နေရာကို ဖြည့်ဆည်းပေးဖို့ပါ။ ဒါပေမယ့်လည်း ဖုန်းကို ဖုန်းတစ်လုံးလိုသာ သုံးချင်တဲ့သူတွေအတွက်တော့ Feature ဖုန်းတစ်လုံးဖြစ်တဲ့ Nokia 210 ကိုပါ ထပ်မံမိတ်ဆက်ပေးထားပါတယ်။

အရင်ထုတ်ထားဖူးတဲ့ Nokia Aisha နဲ့မတူပဲ Nokia 210 ဟာ ကုမ္ပဏီရဲ့ အဆိုအရ ပြုတ်ကျတဲ့ဒဏ် နဲ့ ဆောင့်မိတဲ့ ဒဏ်တွေကို ခံနိုင်ရည်ရှိစေဖို့ Polycarbonate ပလတ်စတစ်အခွံနဲ့ တည်ဆောက်ထားတယ်လို့ သိရပါတယ်။ အမြင်ပိုင်းလည်း ဆန်းသစ်လှပပြီး ဖုန်းအရွယ်အစားက လက်ဖဝါးတစ်ခုစာပဲ ရှိပါတယ်။ Charcoal, Red နဲ့ Grey စတဲ့ အရောင်တွေနဲ့ ထုတ်လုပ်ထားပြီး ဖုန်းပုံစံလေးက အတော်လေး ချစ်စရာကောင်းတာကို တွေ့ရပါတယ်။

Nokia 210 မှာ 2.4-inches အရွယ် QVGA Display တပ်ဆင်ပေးထားပါတယ်။ ဖုန်းစွမ်းဆောင်ရည်အတွက် MediaTek ရဲ့ MT6260A ပရိုဆက်ဆာကို တပ်ဆင်ပေးထားပါတယ်။ Operating System ပိုင်းအတွက်တော့ Nokia ရဲ့ ကိုယ်ပိုင် S30+ OS ကို မောင်းနှင်ပေးထားပါတယ်။ အဆိုပါ Operating System မှာ ပြုပြင်မွမ်းမံထားတဲ့ UI အသစ်နဲ့အတူ ဖုန်းဒီဇိုင်းနဲ့လိုက်ဖက်စေမယ့် Icon အသစ်တွေကို ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

နောက်ကျောဘက်မှာ VGA ကင်မရာလေးပါဝင်လာပြီး LED Flash Light လေးလဲ ထည့်သွင်းပေးထားပါသေးတယ်။ ကီးပတ်ဖုန်းတစ်လုံး အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ဘက်ထရီပိုင်းမှာတော့ 1,020 mAh ဘက်ထရီကို ထည့်သွင်းပေးထားပါတယ်။ အဆိုပါ ဘက်ထရီ ပမာဏဟာ ကီးပတ်ဖုန်း တစ်လုံးအတွက် အတော်လေးများတဲ့ ပမာဏဖြစ်ပြီး အားအပြည့်သွင်းထားရင် ရက် ၂၀ ကျော်ထိ အေးအေးဆေးဆေး အသုံးပြုနိုင်မှာပါ။

အဆိုပါ ကီးပတ်ဖုန်းလေးဟာ Dual SIM ထည့်သွင်းလို့ရပြီး GSM 900/1800 လို မိုဘိုင်း ကွန်ရက်အမျိုးမျိုး ကိုအထောက်အပံ့ပေးပါတယ်။ အဲ့တာကြောင့် Opera Mini လို App တွေကတစ်ဆင့် အင်တာနက်ကြည့်နိုင်ပြီး သူ့ရဲ့ App Store က တစ်ဆင့်လည်း တစ်ခြားလိုအပ်တဲ့ App တွေ ဒေါင်းလုဒ် ရယူနိုင်ပါသေးတယ်။ Nokia 210 ကီးပတ်ဖုန်းလေးကို မတ်လ အစောပိုင်းမှာ ဝယ်ယူလို့ရမှာဖြစ်ပြီး $35 သာကျသင့်မှာပါ။ မြန်မာငွေအရဆို ငါးသောင်းခွဲ ဝန်းကျင်ရှိပါတယ်။

Ref: Giz China