Nokia ကနေ Nokia 7 Plus စမတ်ဖုန်းကို ပြီးခဲ့တဲ့ Mobile World Congress 2018 မှာ ပြသခဲ့တာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က တရုတ်နိုင်ငံမှာ စတင်ရောင်းချခဲ့ပါတယ်။ အဆိုပါ Nokia 7 Plus ဖုန်းကို RAM 4GB/ ROM 64GB Version ကို ယွမ် ၂၃၀၀ နဲ့ RAM 6GB/ ROM 64GB ကို ယွမ် ၂၅၀၀ နဲ့ ရောင်းချနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် မြန်မာငွေအနေနဲ့ ငွေကျပ် ၄ သိန်းကျော်ကနေ ၅ သိန်းလောက်အထိ ရှိတယ်လို့ ပြောလို့ရပါတယ်။

အခု Nokia 7 Plus စမတ်ဖုန်းကို မတ်လ ၇ ရက်နေ့ မနက် ၁၀ နာရီ ၇ မိနစ်က ရောင်းချထားတာဖြစ်ပြီးတော့ ၅ မိနစ်အကြာမှာ ရောင်းကုန်သွားတာပဲဖြစ်ပါတယ်။

Nokia 7 Plus စမတ်ဖုန်းဟာ Android One ဖုန်းတစ်ခုဖြစ်ပြီးတော့ Pure Android ကိုပဲ အသုံးပြုထားတဲ့ဖုန်းတစ်ခုဖြစ်သလို Dual Camera နဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ Qualcomm Snapdragon 660 Processor တွေပါဝင်တဲ့အတွက် ပေးရတဲ့ဈေးနဲ့ တန်တယ်လို့ ပြောနိုင်တဲ့စမတ်ဖုန်းတစ်ခုပါ။

Nokia ကနေ တရုတ်နိုင်ငံမှာ Nokia 7 Plus ဖုန်းကို လာမယ့် မတ်လ ၁၅ ရက်နေ့မှာ စတင်ရောင်းချသွားဦးမှာဖြစ်ပြီးတော့ ဒီပုံအတိုင်းဆိုရင် Nokia 7 Plus ဖုန်းဟာ ကုမ္ပဏီရဲ့ အရောင်းသွက်ဖုန်းတစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။