ဒီရက်သတ္တပတ်ရဲ့ အစောပိုင်းတုန်းက Nokia G21 ရဲ့ တရားဝင်မဟုတ်သေးတဲ့ Geekbench listing တစ်ခုကို တွေ့ရှိခဲ့ကြရပါတယ်။ ထပ်မံထွက်ပေါ်လာမဲ့ သတင်းတွေကို စောင့်ဆိုင်းနေတုန်းမှာပဲ တွစ်တာမှာ Nokia G21 ရဲ့ Renders အတော်များများကို တွေ့မြင်လာရတာပဲ ဖြစ်ပါတယ်။

တစ်ကျော့ပြန် Nokia ရဲ့ G21 ဟာ ဘယ်လိုပုံစံမျိုးလဲဆိုတဲ့ ခန့်မှန်းချက်တွေအတွက် အခုမြင်တွေ့ရတဲ့ Renders တွေက အထောက်အကူဖြစ်စေမှာပါ။ Renders တွေအရ Device ကို Dark brown, Dark green နဲ့ Light green စတဲ့ အရောင်တွေနဲ့အတူ တွေ့မြင်ရပါတယ်။ အရှေ့ဘက်မျက်နှာပြင်ကိုတော့ Waterdrop notch အဖြစ်တွေ့မြင်ရပါတယ်။

ကျောပြင်မှာ ကင်မရာသုံးလုံးတပ်ဆင်ထားတာ တွေ့ရပါတယ်။ ကင်မရာကျွန်းကို သူ့ရှေ့ကထွက်နှင့်တဲ့မျိုးဆက်က စက်ဝိုင်းပုံသဏ္ဍာန်ကို ချောင်ထိုးထားလိုက်ပြီး ပိုပြီးသမားရိုးကျဆန်တဲ့ စတုဂံပုံသဏ္ဍာန်ကိုပဲ အသုံးပြုထားတာ တွေ့ရပါတယ်။ ကျောဘက်ကင်မရာတွေရဲ့အသေးစိတ်အချက်အလက်တွေကို မသိရသေးပေမဲ့ အဓိကကင်မရာက 50MP ဖြစ်တယ်လို့ သိရပါတယ်။

Nokia G21 ဟာ 6.5-inch LCD HD+ မျက်နှာပြင်နဲ့ဖြစ်မယ်လို့ မျှော်လင့်ရပြီး 5,000mAh ဘက်ထရီကို တပ်ဆင်ထားတယ်လို့ သိရပါတယ်။ Geekbench အရဆိုရင်တော့ UniSoC ရဲ့ T606 chipset ကိုအသုံးပြုထားပြီး 4GB of RAM နဲ့ 128GB storage ကို ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ ဒီဟန်းဆက်မှာ နားကြပ်ပေါက်နဲ့ MicroSD ကတ်ပေါက်တွေလည်း ပါဝင်မယ်လို့ ယုံကြည်ရပါတယ်။

Ref: GSM Arena