ကာဂျစ်စတန်နိုင်ငံဟာ Crypto exchange တွေနဲ့ Mining industry တွေကို ထိန်းညှိထားပေမဲ့လည်း နိုင်ငံအတွင်းမှာ Cryptocurrencies တွေလည်ပတ်မှုအတွက် တရားဝင်ထုတ်ပြန်ထိန်းချုပ်ထားတဲ့ ဥပဒေမရှိသေးတာလည်း ဖြစ်ပါတယ်။

ကာဂျစ် ပါလီမန်အဖွဲ့ဝင် (MP)တစ်ဦးဖြစ်တဲ့ Karim Khanjeza ကတော့ တရားဥပဒေစိုးမိုးရေးနဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဆိုင်ရာ ပါလီမန်ကော်မတီအစည်းအဝေးတစ်ခုအတွင်းမှာ နိုင်ငံတွင်း Cryptocurrency ကို တရားဝင်ခွင့်ပြုပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

Karim ရဲ့ မိန့်ခွန်းအတွင်းမှာ Crypto ဈေးကွက်အတွက် ဥပဒေမူဘောင်တစ်ခုကိုဖန်တီးဖို့ ထောက်ခံအားပေးပြီး Virtual ပိုင်ဆိုင်မှုတွေကို ပေါင်းစပ်ဖို့အတွက် ဥပဒေမူကြမ်းကိုပြင်ဆင်ဖို့လည်း အကြံပြုခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် “Crptocurrency လောက် ဘာကမှ မြန်မြန်ဆန်ဆန်ကြီးထွားမလာဘူး” လို့လည်း Krim က ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

တိုးပွားလာတဲ့ Crypto ရေပန်းစားမှုကို အခွင့်ကောင်းယူဖို့အတွက် သူတို့ရဲ့နိုင်ငံဟာ ပြီးပြည့်စုံတဲ့အနေအထားရှိနေပြီး သူတို့ရဲ့ကိုယ်ပိုင် National Cryptocurrency ကို စတင်ဖို့လည်း အကြံပြုလိုကြောင်း Karim က ပြောဆိုခဲ့ပါသေးတယ်။ နိုင်ငံတော်ဘဏ်က သတိမမူမိတဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံတော်ရဲ့ ဒစ်ဂျစ်တယ်ငွေကြေးကို ဖော်ထုတ်ဖို့ အစိုးရအနေနဲ့အာရုံစိုက်သင့်တယ်လို့လည်း Karim က ဆိုပါတယ်။

Karim ဟာ ဒီနယ်ပယ်မှာ အရည်အချင်းပြည့်မီတဲ့ ကျွမ်းကျင်ပညာရှင်တွေကိုခေါ်ဆောင်ပြီး နိုင်ငံတွင်း Crypto hub တစ်ခုကိုတည်ဆောက်ဖို့လည်း ထောက်ခံအားပေးခဲ့ပြီး၊ ဒါဟာ ယူအေအီးလိုမျိုး ကြီးထွားလာနေတဲ့ Crypto ဈေးကွက်အတွက် ဒေသဆိုင်ရာအချက်အချာဖြစ်လာစေနိုင်တဲ့ အာရှအလယ်နိုင်ငံရဲ့ ဗျူဟာတစ်ခုဖြစ်ပါတယ်။

Ref: Cointelegraph