အဓိကထုတ်လုပ်သူအများစုဟာ သူတို့ရဲ့ ဒီဇိုင်းတွေနဲ့ပတ်သက်ပြီး ပျင်းရိလာပုံရပါတယ်။ ဒီအထဲမှာ Samsung လည်း ပါဝင်ပြီး ဆန်းသစ်တီထွင်မှုကို အာရုံစိုက်နေတာ တွေ့ရပါတယ်။ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ သူ့ရဲ့ စမတ်ဖုန်းဂိမ်းကို Z series foldable lineup နဲ့ လှုပ်ခတ်အောင် ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။

Foldable ကို အာရုံစိုက်နေတယ်ဆိုပေမဲ့ Galaxy S စီးရီးတွေကလည်း ကုမ္ပဏီရဲ့ ထင်ရှားကျော်ကြားတဲ့ အမှတ်တံဆိပ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး Foldable တွေကတော့ Samsung Fan တွေအတွက် တစ်ခုတည်းသော အဆင့်မြင့်ရွေးချယ်မှုအဖြစ် ရှိနေတာ ဖြစ်ပါတယ်။

ဝမ်းနည်းစရာသတင်းတစ်ခုကတော့ Galaxy S23 ကို စောင့်မျှော်နေသူတွေအတွက် ထွက်ပေါ်လာပါတယ်။ ထင်ရှားကျော်ကြားတဲ့ Leaker တစ်ယောက်က Samsun S23 စီးရီးဟာ အမှားအယွင်းမရှိလုနီးပါး စီမံထားတယ်ဆိုပေမဲ့ အဆင့်မြှင့်တင်မှုပိုင်းမှာတော့ အနည်းငယ်ပဲတွေ့မြင်ရမယ်လို့ ဆိုလိုက်တာ ဖြစ်ပါတယ်။

@IceUinverse က Twitter မှာ S23/23+ ဟာ “Chip ကလွဲပြီး ဘာမှမပြောင်းလဲပါ” လို့ ရေးသားထားပါတယ်။ S23 Ultra ကတော့ အတွင်းပိုင်းအပြင် မျက်နှာပြင်နဲ့ ပင်မကင်မရာတွေမှာ အပြောင်းအလဲတချို့ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအပြောင်းအလဲလောက်က လုံလောက်ရဲ့လားလို့ မေးခွန်းထုတ်စရာလည်း ဖြစ်နေပါတယ်။

နည်းပညာအသိုင်းအဝိုင်းမှာ ယေဘုယျအားဖြင့် ခံစားနေကြရတာက ငြီးငွေ့မှုပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ငြီးငွေ့မှုဟာ တဖြည်းဖြည်းကြီးထွားလာပါတယ်။ နောက်ဆုံးထွက် Chips တွေနဲ့ ပိုကြီးတဲ့ Megapixel အရေအတွက်တွေကလည်း ဖောင်းပွလာပြီး ငြီးငွေ့မှုကို ပိုပြီး ကြီးထွားလာစေပါတယ်။

အပြင်ပန်းကြည့်မယ်ဆိုရင်တော့ Samsung ဟာ သမားရိုးကျ အထင်ကရစမတ်ဖုန်းတွေကို စွန့်လွှတ်ပြီး Foldable ပရီမီယံဈေးကွက်ကိုပဲ အာရုံစိုက်တိုးချဲ့တော့မယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ အမှန်တကယ်လေ့လာကြည့်မယ်ဆိုရင်တော့ သမားရိုးကျစမတ်ဖုန်းတွေကို စွန့်လွှတ်ဖို့က မဖြစ်နိုင်သလောက်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

Ref: Phone Arena