[Zawgyi]

Gaming ဖုန္းေတြဟာ Android ထုတ္လုပ္မႈနယ္ပယ္မွာေတာ့ အေရးပါတဲ့ အခန္းက႑တစ္ခုကို ေရာက္ရွိလာပါၿပီ။ ထိပ္တန္းကုမၸဏီအခ်ိဳ႕လည္း Gaming ဖုန္းနယ္ပယ္ကို မ်က္စိက်လာခ်ိန္မွာ Nubia Red Magic 3 က ေနာက္ထပ္ မွတ္တိုင္သစ္ေတြ စိုက္ထူဖို႔ ေရာက္လာဦးမွာ ျဖစ္ပါတယ္။

ကုမၸဏီရဲ႕ အေထြေထြမန္ေနဂ်ာ Ni Fei က Weibo မွာ လာမယ့္ Nubia Red Magic 3 ရဲ႕ အဓိက Feature ၆ မ်ိဳးကို ထုတ္ေဖာ္ျပသခဲ့ပါတယ္။ ပထမဆုံးတစ္ခုကေတာ့ ဒီဖုန္းဟာ Liquid နဲ႔ Air cooled system ကို ေပါင္းစပ္ထားၿပီး ျဖစ္ေပၚလာမယ့္ အပူဒဏ္ကို ထိန္းခ်ဳပ္ထားမွာ ျဖစ္ပါတယ္။ ဒီနည္းပညာကေတာ့ Nubia Red Magic 3 မွာ ပထမဆုံးအျဖစ္ အသုံးျပဳထားတာပါ။

Nubia Red Magic 3 ဟာ Snapdragon 855 chipset အသုံးျပဳထားၿပီး 12GB RAM နဲ႔ ထြက္ေပၚလာမယ္လို႔ Ni Fei က ေျပာပါတယ္။ မ်က္ႏွာျပင္ကလည္း Gaming PC အမ်ားစုထက္သာတဲ့ Refresh rate ကို ေထာက္ပံ့ေပးမယ္လို႔လည္း သိရပါတယ္။ (120Hz refresh rate ထက္ မနည္းဘူးလို႔ ယူဆရပါတယ္)

ဒါ့အျပင္ အခ်ိန္ၾကာျမင့္စြာ ဂိမ္းကစားသူေတြရဲ႕ အျမင္အာ႐ုံကို ထိခိုက္မႈေလ်ာ့နည္းေစမယ့္ Special eye-protecting features ေတြလည္း ပါဝင္မယ္လို႔ ဆိုပါတယ္။ ဘက္ထရီပမာဏကလည္း ၿပီးခဲ့တဲ့ Red Magic ေတြရဲ႕ 3,800mAh ဆိုတဲ့ ပမာဏထက္ မ်ားျပားတဲ့ ပမာဏကို အသုံးျပဳေပးထားမယ္လို႔ သိရပါတယ္။

ေနာက္ဆုံးတစ္ခ်က္ေတာ့ Nubia Red Magic 3 အတြက္ 4D Vibration motor နဲ႔ Haptic တုံ႔ျပန္မႈကို စိတ္ႀကိဳက္ခ်ိန္ညႇိႏိုင္မယ့္ ျပင္ဆင္မြမ္းမံမႈကိုလည္း ျပဳလုပ္ထားတယ္ဆိုတာပါပဲ။ Fei ကေတာ့ Nubia Red Magic 3 ကို ဧၿပီလထဲမွာ ျဖန႔္ခ်ိသြားမယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ လာမယ့္ ရက္သတၱပတ္တြင္းမွာ ပိုၿပီးမ်ားျပားတဲ့ သတင္းအခ်က္အလက္ေတြ ထြက္ေပၚလာေတာ့မယ္လို႔ ယူဆရပါတယ္။

Ref: GSMArena

ပြောင်းလဲမှု တွေနဲ့ Nubia Red Magic 3 ကို ဧပြီလထဲမှာ မိတ်ဆက်မယ်

[Unicode]

Gaming ဖုန်းတွေဟာ Android ထုတ်လုပ်မှုနယ်ပယ်မှာတော့ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကို ရောက်ရှိလာပါပြီ။ ထိပ်တန်းကုမ္ပဏီအချို့လည်း Gaming ဖုန်းနယ်ပယ်ကို မျက်စိကျလာချိန်မှာ Nubia Red Magic 3 က နောက်ထပ် မှတ်တိုင်သစ်တွေ စိုက်ထူဖို့ ရောက်လာဦးမှာ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ Ni Fei က Weibo မှာ လာမယ့် Nubia Red Magic 3 ရဲ့ အဓိက Feature ၆ မျိုးကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ပထမဆုံးတစ်ခုကတော့ ဒီဖုန်းဟာ Liquid နဲ့ Air cooled system ကို ပေါင်းစပ်ထားပြီး ဖြစ်ပေါ်လာမယ့် အပူဒဏ်ကို ထိန်းချုပ်ထားမှာ ဖြစ်ပါတယ်။ ဒီနည်းပညာကတော့ Nubia Red Magic 3 မှာ ပထမဆုံးအဖြစ် အသုံးပြုထားတာပါ။

Nubia Red Magic 3 ဟာ Snapdragon 855 chipset အသုံးပြုထားပြီး 12GB RAM နဲ့ ထွက်ပေါ်လာမယ်လို့ Ni Fei က ပြောပါတယ်။ မျက်နှာပြင်ကလည်း Gaming PC အများစုထက်သာတဲ့ Refresh rate ကို ထောက်ပံ့ပေးမယ်လို့လည်း သိရပါတယ်။ (120Hz refresh rate ထက် မနည်းဘူးလို့ ယူဆရပါတယ်)

ဒါ့အပြင် အချိန်ကြာမြင့်စွာ ဂိမ်းကစားသူတွေရဲ့ အမြင်အာရုံကို ထိခိုက်မှုလျော့နည်းစေမယ့် Special eye-protecting features တွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ ဘက်ထရီပမာဏကလည်း ပြီးခဲ့တဲ့ Red Magic တွေရဲ့ 3,800mAh ဆိုတဲ့ ပမာဏထက် များပြားတဲ့ ပမာဏကို အသုံးပြုပေးထားမယ်လို့ သိရပါတယ်။

နောက်ဆုံးတစ်ချက်တော့ Nubia Red Magic 3 အတွက် 4D Vibration motor နဲ့ Haptic တုံ့ပြန်မှုကို စိတ်ကြိုက်ချိန်ညှိနိုင်မယ့် ပြင်ဆင်မွမ်းမံမှုကိုလည်း ပြုလုပ်ထားတယ်ဆိုတာပါပဲ။ Fei ကတော့ Nubia Red Magic 3 ကို ဧပြီလထဲမှာ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ ဒါကြောင့် လာမယ့် ရက်သတ္တပတ်တွင်းမှာ ပိုပြီးများပြားတဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာတော့မယ်လို့ ယူဆရပါတယ်။

Ref: GSMArena