[Zawgyi]

Red Magic 3 လို႔အမည္ေပးထားေၾကာင္း သတင္းထြက္ေနတဲ့ Nubia စမတ္ဖုန္းသစ္ ေမာ္ဒယ္နံပါတ္ NX629J ဟာ 3C ရဲ႕ဝက္ဆုိက္မ်က္ႏွာျပင္ေပၚကို ေရာက္ရွိလာခဲ့ပါၿပီ။ အဲ့ဒီမွာေဖာ္ျပထားတဲ့ အခ်က္အလက္ေတြ အရဆုိရင္ Red Magic 3 ဖုန္းမွာ 30W အားအျမန္သြင္းစနစ္ ပါဝင္လာမယ္ဆုိတာကို ထပ္မံသိခဲ့ရပါတယ္။

Red Magic 3 စမတ္ဖုန္းကို လာမယ့္လမွာ ေၾကျငာလာမယ္လို႔ ယူဆထားၿပီး ကုမၸဏီကလည္း ဒီဖုန္းသစ္မွာ အနည္းဆုံး 5,000 mAh ဘကၳရီပါမယ္ဆုိတာ အတည္ျပဳထားပါတယ္။ ဒီေလာက္ႀကီးတဲ့ ဘကၳရီ အရြယ္အစားနဲ႔ဆုိရင္ေတာ့ 30W အားအျမန္သြင္းစနစ္ဟာ အင္မတန္အသုံးဝင္မွာပါ။

Nubia Gaming ဖုန္းအသစ္ရဲ႕အတြင္းပုိင္းမွာေတာ့ Snapdragon 855 SoC ကို 12GB RAM မန္မုိရီနဲ႔ တြဲဖက္လာမွာပါ။ ၾကာျမင့္စြာဂိမ္းကစားျခင္းေၾကာင့္ အပူခ်ိန္တက္မွာကိုလည္း ေလနဲ႔ေငြ႕ရည္ ဟိုက္ဘရစ္ အေအးေပးစနစ္နဲ႔ ကာကြယ္ေပးလာမွာျဖစ္ပါတယ္။

ထြက္ရွိဖို႔ သိပ္မလိုေတာ့တဲ့ Nubia Red Magic 3 စမတ္ဖုန္းသစ္ဟာ Razer ဖုန္းေတြမွာပါတဲ့ 120 Hz Display နဲ႔တူညီတဲ့ Display စနစ္လည္း ပါဝင္မယ္လုိ႔ သတင္းထြက္ထားပါတယ္။ ထြက္ရွိဖို႔နီးလာတာနဲ႔အမွ် သူ႕ရဲ႕သတင္းေတြ ပိုထြက္လာတာကို နားစြင့္ၾကရဦးမွာပါ။

Ref – GSM Arena

[Unicode]

Red Magic 3 လို့အမည်ပေးထားကြောင်း သတင်းထွက်နေတဲ့ Nubia စမတ်ဖုန်းသစ် မော်ဒယ်နံပါတ် NX629J ဟာ 3C ရဲ့ဝက်ဆိုက်မျက်နှာပြင်ပေါ်ကို ရောက်ရှိလာခဲ့ပါပြီ။ အဲ့ဒီမှာဖော်ပြထားတဲ့ အချက်အလက်တွေ အရဆိုရင် Red Magic 3 ဖုန်းမှာ 30W အားအမြန်သွင်းစနစ် ပါဝင်လာမယ်ဆိုတာကို ထပ်မံသိခဲ့ရပါတယ်။

Red Magic 3 စမတ်ဖုန်းကို လာမယ့်လမှာ ကြေငြာလာမယ်လို့ ယူဆထားပြီး ကုမ္ပဏီကလည်း ဒီဖုန်းသစ်မှာ အနည်းဆုံး 5,000 mAh ဘက္ထရီပါမယ်ဆိုတာ အတည်ပြုထားပါတယ်။ ဒီလောက်ကြီးတဲ့ ဘက္ထရီ အရွယ်အစားနဲ့ဆိုရင်တော့ 30W အားအမြန်သွင်းစနစ်ဟာ အင်မတန်အသုံးဝင်မှာပါ။

Nubia Gaming ဖုန်းအသစ်ရဲ့အတွင်းပိုင်းမှာတော့ Snapdragon 855 SoC ကို 12GB RAM မန်မိုရီနဲ့ တွဲဖက်လာမှာပါ။ ကြာမြင့်စွာဂိမ်းကစားခြင်းကြောင့် အပူချိန်တက်မှာကိုလည်း လေနဲ့ငွေ့ရည် ဟိုက်ဘရစ် အအေးပေးစနစ်နဲ့ ကာကွယ်ပေးလာမှာဖြစ်ပါတယ်။

ထွက်ရှိဖို့ သိပ်မလိုတော့တဲ့ Nubia Red Magic 3 စမတ်ဖုန်းသစ်ဟာ Razer ဖုန်းတွေမှာပါတဲ့ 120 Hz Display နဲ့တူညီတဲ့ Display စနစ်လည်း ပါဝင်မယ်လို့ သတင်းထွက်ထားပါတယ်။ ထွက်ရှိဖို့နီးလာတာနဲ့အမျှ သူ့ရဲ့သတင်းတွေ ပိုထွက်လာတာကို နားစွင့်ကြရဦးမှာပါ။

Ref – GSM Arena