[Zawgyi]

ZTE ရဲ႕ ကုမၸဏီခြဲ Nubia က Red Magic 3S နာမည္ရ Gaming Smartphone ရဲ႕ ပိုစတာ ၁ ခုကို ၀ီဘိုမွာ မွ်ေ၀လိုက္ပါတယ္။ ပိုစတာအရ အဲဒီ စမတ္ဖုန္းမွာ ဂိမ္းကစားလို႔ အရမ္းေကာင္းမယ့္ 90Hz Screen နဲ႔ 4D Vibration Feedback ပါမယ္လို႔ ေဖာ္ျပထားပါတယ္။ Qualcomm က Snapdragon 855+ Chipset ကို ေၾကညာၿပီး သိပ္မၾကာခင္မွာပဲ Nubia က အဲဒီ Chipset ပါတဲ့ စမတ္ဖုန္း ၁ လံုးကို မၾကာခင္ ေၾကညာမယ္လို႔ ေျပာခဲ့ပါတယ္။ Red Magic 3S မွာ Qualcomm Snapdragon 855+ SoC ေမာင္းႏွင္ထားမယ္လို႔ သတင္းထြက္ေနပါတယ္။

Red Magic 3S မွာ အရြယ္ႀကီး ဘက္ထရီ ထည့္သြင္းထားႏုိင္ၿပီး Red Magic 3 မွာလို 5,000mAh ပါလာႏုိင္ပါတယ္။ Air Cooling System အျပင္ အပူကို စုပ္ယူတဲ့ နည္းပညာေတြ ပါလာႏုိင္ပါတယ္။ Red Magic 3 ဟာ ပန္ကာပါတဲ့ ပထမဆံုး စမတ္ဖုန္းေတြထဲက ၁ လံုး ျဖစ္ပါတယ္။ ကုမၸဏီက ပန္ကာဟာ 14K RPM နဲ႔ လည္ပတ္ႏုိင္ၿပီး စြမ္းအင္ စားသံုးမႈ နည္းပါးတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ အပူခ်ိန္ စုပ္ယူေပးတဲ့ Liquid-cooled Copper Tube ထည့္ထားပါတယ္။

Nubia က ဧၿပီလမွာ Red Magic 3 ကို ေၾကညာခဲ့ပါတယ္။ ၄ လၾကာၿပီးေနာက္မွာေတာ့ Nubia က ဂိမ္း အသားေပး စမတ္ဖုန္း အသစ္ ၁ လံုးကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ အဲဒါကေတာ့ Red Magic 3S ျဖစ္ပါတယ္။ တရုတ္မွာ Red Magic 3S ကို စက္တင္ဘာလ ၅ ရက္မွာ မိတ္ဆက္မွာ ျဖစ္ပါတယ္။ Red Magic 3S ဟာ Red Magic 3 ရဲ႕ မ်ိဳးဆက္သစ္ စမတ္ဖုန္း ျဖစ္ပါတယ္။

Ref : gizmochina

[Unicode]

Nubia Red Magic 3S မှာ 90Hz Screen နဲ့ 4D Vibration Feedback ပါမည်

ZTE ရဲ့ ကုမ္ပဏီခွဲ Nubia က Red Magic 3S နာမည်ရ Gaming Smartphone ရဲ့ ပိုစတာ ၁ ခုကို ဝီဘိုမှာ မျှဝေလိုက်ပါတယ်။ ပိုစတာအရ အဲဒီ စမတ်ဖုန်းမှာ ဂိမ်းကစားလို့ အရမ်းကောင်းမယ့် 90Hz Screen နဲ့ 4D Vibration Feedback ပါမယ်လို့ ဖော်ပြထားပါတယ်။ Qualcomm က Snapdragon 855+ Chipset ကို ကြေညာပြီး သိပ်မကြာခင်မှာပဲ Nubia က အဲဒီ Chipset ပါတဲ့ စမတ်ဖုန်း ၁ လုံးကို မကြာခင် ကြေညာမယ်လို့ ပြောခဲ့ပါတယ်။ Red Magic 3S မှာ Qualcomm Snapdragon 855+ SoC မောင်းနှင်ထားမယ်လို့ သတင်းထွက်နေပါတယ်။

Red Magic 3S မှာ အရွယ်ကြီး ဘက်ထရီ ထည့်သွင်းထားနိုင်ပြီး Red Magic 3 မှာလို 5,000mAh ပါလာနိုင်ပါတယ်။ Air Cooling System အပြင် အပူကို စုပ်ယူတဲ့ နည်းပညာတွေ ပါလာနိုင်ပါတယ်။ Red Magic 3 ဟာ ပန်ကာပါတဲ့ ပထမဆုံး စမတ်ဖုန်းတွေထဲက ၁ လုံး ဖြစ်ပါတယ်။ ကုမ္ပဏီက ပန်ကာဟာ 14K RPM နဲ့ လည်ပတ်နိုင်ပြီး စွမ်းအင် စားသုံးမှု နည်းပါးတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အပူချိန် စုပ်ယူပေးတဲ့ Liquid-cooled Copper Tube ထည့်ထားပါတယ်။

Nubia က ဧပြီလမှာ Red Magic 3 ကို ကြေညာခဲ့ပါတယ်။ ၄ လကြာပြီးနောက်မှာတော့ Nubia က ဂိမ်း အသားပေး စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒါကတော့ Red Magic 3S ဖြစ်ပါတယ်။ တရုတ်မှာ Red Magic 3S ကို စက်တင်ဘာလ ၅ ရက်မှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။ Red Magic 3S ဟာ Red Magic 3 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်ပါတယ်။

Ref : gizmochina