Nubia က အလန်းစား Gaming ဖုန်း ဖြစ်တဲ့ Red Magic 5G ကို ကြေညာလိုက်ပါပြီ။ လက်ရှိထွက်ပြီးသမျှ ဖုန်းတွေထဲမှာ Specs တွေ အလန်းဆုံးလို့ ပြောနိုင်ပြီး 144Hz Refresh Rate ပါတဲ့ ပထမဆုံးဖုန်းဖြစ်လာပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် Snapdragon 865 မောင်းနှင်ထားပြီး 16GB RAM နဲ့ 256GB UFS 3.0 Storage အထိ ရွေးချယ်နိုင်ပါတယ်။ Dual-mode 5G ထောက်ပံ့ထားပြီး 64MP Main ကင်မရာ ပါလာပါတယ်။

ပန်ကာ ၁ ခုနဲ့ အပူစုပ်ပေးတဲ့ Chamber ၁ ခု ပေါင်းစပ်ထားတဲ့ Active Air-cooling System ထည့်ထားပြီး Nubia က CPU ရဲ့ အပူချိန်ကို ၁၈ ဒီဂရီ စင်တီဂရိတ်အထိ လျှော့ချပေးနိုင်တယ်လို့ ပြောပါတယ်။ 55W Speed နဲ့ အားသွင်းနေချိန်မှာလည်း အပူမလွန်ကဲအောင် ကာကွယ်ပေးပါတယ်။

၆.၆၅ လက်မ FHD+ AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး မျက်နှာပြင်အထက်နဲ့ အောက်က ဘောင်တွေက အရမ်းပါးလွှာပါတယ်။ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး လက်ဗွေရာ ကိရိယာပါပါတယ်။ 144Hz Refresh Rate ကို 240Hz Touch-sensing နဲ့ ပူးတွဲထားတဲ့အတွက် ဂိမ်းကစားရင် အရမ်းလန်းမှာပါ။ အနောက်ဘက်မှာ 64MP Sony IMX686 Main ကင်မရာနဲ့အတူ 8MP Ultrawide , 2MP Macro ကင်မရာတွေနဲ့ အားဖြည့်ထားပါတယ်။ Gaming ဖုန်းတွေရဲ့ ထုံးစံအတိုင်း ဒီဇိုင်းလန်းအောင် RGB Light Panel တပ်ဆင်ထားပါတယ်။

300Hz Sampling Rate ထောက်ပံ့ပေးထားတဲ့ Capacitive Shoulder Triggers တွေ တပ်ဆင်ထားတဲ့အတွက် ဂိမ်းကစားရင် တော်တော် မိုက်ပါတယ်။ 4,500mAh ဘက်ထရီက ဂိမ်းကစားရင် သက်တမ်းတော်တော်ကောင်းပါတယ်။ Android 10 အခြေပြု Red Magic OS မောင်းနှင်ထားပြီး WiFi 6 , Headphone Jack နဲ့ မိုက်ကရိုဖုန်း ၃ လုံး ပါလာပါတယ်။

Black, Mars Red နဲ့ Cyber Neon အရောင်တွေ ထုတ်လုပ်ထားပြီး Limited Transparent Edition ကိုလည်း ဝယ်နိုင်ပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး ၁၉ ရက်နေ့မှာ ရောင်းမှာပါ။ ကမ္ဘာအဝန်းမှာ ဧပြီလမှာ ရောင်းဖို့ စီစဉ်ထားပါတယ်။ 8/128GB ကို ၃,၇၉၉ ယွမ် ၊ 12/128GB ကို ၄,၀၉၉ ယွမ်၊ 12/256GB ကို ၄,၃၉၉ ယွမ်နဲ့ 16/256GB ကို ၄,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၇ သိန်း ၆ သောင်း၊ ၈ သိန်း ၂ သောင်း၊ ၈ သိန်း ၈ သောင်းနဲ့ ၁၀ သိန်း အသီးသီး ကျသင့်မှာပါ။ Transparent Edition  ရဲ့ 12/256GB ကို ၄,၅၉၉ ယွမ်နဲ့ 16/256GB ကို ၅,၁၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၉ သိန်း ၂ သောင်းနဲ့ ၁၀ သိန်း ၃ သောင်းလောက် ရှိပါတယ်။

Ref : gsmarena