မတ်လတုန်းက Red Magic 5G စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီး သူ့ရဲ့မျိုးဆက်သစ်အဖြစ် Red Magic 5S ကို မနေ့က တရားဝင် မိတ်ဆက်လာခဲ့ပါပြီ။ သူ့မှာ အဆင့်မြှင့်တင်ထားတဲ့ ငွေသားပလိတ်နဲ့ Vapor Chamber ပါဝင်တဲ့ အအေးပေးစနစ်ကို မြင်တွေ့ရမှာဖြစ်ပြီး ကျန်တဲ့ ဖုန်းရဲ့ အချက်အလက်တွေကတော့ Red Magic 5G နဲ့ အတော်လေး တူညီပါတယ်။

ရှေ့ဘက်မှာ 6.65” FHD+ AMOLED Display ကို မြင်ရမှာဖြစ်ပြီး 144Hz Refresh Rate နဲ့ 240Hz Touch-sampling Rate ပိုင်ဆိုင်ပါတယ်။ သူ့မှာ Sports Capacitive Touch Triggers စနစ်လည်း ပါဝင်တာကြောင့် Competitive ဗီဒီယိုဂိမ်းတွေ ဆော့ကစားတဲ့အခါ ပိုမြန်ဆန်တဲ့ 320Hz Touch Rate ထိ ရရှိနိုင်မှာပါ။

နောက်ဘက်မှာ 64MP Sony IMX686 အဓိက ကင်မရာကို 8MP Ultrawide + 2MP Macro Sensor တွေနဲ့ တွဲဖက်ထားပါတယ်။ သူ့ရဲ့ Case ပေါ်မှာ Gaming စမတ်ဖုန်း အများစုလိုပဲ RGB Lighting ထည့်ထားတာကို တွေ့ရမှာပါ။

အများစုက အသစ်စက်စက် Snapdragon 865+ နဲ့တွေ့ရဖို့ မျှော်လင့်ခဲ့ကြပေမယ့် Red Magic 5S ဟာ သူ့မျိုးဆက်ဟောင်း လိုပဲ Snapdragon 865 ချစ်ပ်ဆက်နဲ့သာ ပွဲထွက်လာပါတယ်။ ဒါပေမယ့် 16GB LPDDR5 RAM နဲ့ 256GB UFS 3.1 Storage တွေက သူ့ရဲ့ စွမ်းဆောင်ရည်ကို သိသိသာသာ လျှင်မြန်စေမှာပါ။ Android 10 OS ကို အခြေခံထားတဲ့ Red Magic OS အသုံးပြုထားပြီး 4,500 mAh ဘက္ထရီနဲ့ 55W အားသွင်းစနစ် ပြန်ပါဝင်လာပါတယ်။

Nubia Red Magic 5S ဟန်းဆက်ဟာ အပြာ/အနီ နှစ်ရောင်စပ် ကာလာနဲ့ ငွေရောင် မော်ဒယ် ဆိုပြီး နှစ်မျိုး ရရှိနိုင်မှာပါ။ အခြေခံ မော်ဒယ်က 8/128GB ကနေ စတင်ပြီး တရုတ်ယွမ် ၃၇၉၈ (မြန်မာငွေ ၇ သိန်း ၄ သောင်းနီးပါး) ကျသင့်ပါတယ်။ သူ့အပေါ်မှာ 12/256GB ဗားရှင်းကို ယွမ် ၄၃၉၉ (မြန်မာကျပ်ငွေ ရှစ်သိန်းခွဲခန့်) နဲ့ အမြင့်ဆုံး 16/256GB မော်ဒယ်ကို ယွမ် ၄၉၉၉ (ကျပ် ၉ သိန်း ၇ သောင်းခန့်) သတ်မှတ်ထားပါတယ်။

Ref – GSMArena