ပြီးခဲ့တဲ့နှစ်က Red Magic 5G နဲ့ 5S တွေပြီးတဲ့နောက် Nubia ဟာ လာမယ့် Red Magic 6 စီးရီးနဲ့အတူ အောင်မြင်မှုကို တည်ဆောက်ဖို့ရှာဖွေနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကုမ္ပဏီဟာ Red Magic 6 စီးရီးအတွက် တရားဝင် Teaser ကို ပြီးခဲ့တဲ့ရက်သတ္တပတ်က ထုတ်လွှတ်ခဲ့တာပါ။

Nubia က ထုတ်လွှတ်ခဲ့တဲ့ Teaser အရ Red Magic 6 စီးရီးဟာ 4,500mAh ဘက်ထရီနဲ့ 120W အားသွင်းစနစ်ကို ထောက်ပံ့ထားမယ်ဆိုတာ သိခဲ့ကြရပါတယ်။ ပြီးခဲ့တဲ့ရက်ကတော့ Red Magic 6 Pro ရဲ့ Specs sheet တွေထဲက အစိတ်အပိုင်းတစ်ခုအဖြစ် 3C certification ကတစ်ဆင့် တွေ့မြင်လိုက်ကြရပြန်ပါတယ်။

တရုတ် 3C မှာ Nubia Red Magic 6 Pro ဟာ မော်ဒယ်နံပါတ် NX669J-P နဲ့တွေ့မြင်ရတာပါ။ Listing ထဲမှာ ဖော်ပြထားတာက 120W အားသွင်းစနစ်ကို ထောက်ပံ့မယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ နာမည်ကျော် Tipster Digital Chat Station ကတော့ Pro မော်ဒယ်ဟာ ၁၅ မိနစ်ကနေ မိနစ် ၂၀ ကြားမှာပဲ ၁၀၀% အားသွင်းနိုင်မယ်လို့ ဆိုထားပြန်ပါတယ်။

မော်ဒယ်နှစ်ခုစလုံးဟာ လျင်မြန်တဲ့ အားသွင်းနှုန်းကိုရရှိဖို့အတွက် Dual battery တည်ဆောက်မှုကို အသုံးပြုထားမယ်လို့ မျှော်လင့်ရပါတယ်။ Red Magic 6 စီးရီးတွေဟာ Snapdragon 888 chipset တွေနဲ့ ပွဲထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီ High-end မော်ဒယ်တွေဟာ Electrochromic back နဲ့ဖြစ်ပြီး ခလုတ်ကိုတစ်ချက်နှိပ်လိုက်ရုံနဲ့ Opacity ကို ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

Ref: GSM Arena