[Zawgyi]

Nubia Red Magic 3 Gaming ဖုန္းအသစ္ဟာ တရုတ္ Benchmark ဆုိက္တစ္ခုျဖစ္တဲ့ Master Lu ေပၚမွာ သူ႕ရဲ႕ Snapdragon 855 ခ်စ္ပ္ဆက္နဲ႔အတူ ထြက္ေပၚလာခဲ့ပါတယ္။ တကယ့္ေစ်းကြက္ထဲကို 12 GB RAM မန္မုိရီအထိ ျမင့္မားတဲ့ Specs နဲ႔ေရာက္လာမွာျဖစ္ေပမယ့္ အခုစမ္းသပ္တဲ့ဗားရွင္းမွာေတာ့ 8GB RAM ကိုသာ အသုံးျပဳခဲ့ပါတယ္။ ဒါ့အျပင္ Storage ကလည္း 128GB သာပါဝင္ခဲ့ပါတယ္။

အရင္ဆုံး Red Magic 3 ရဲ႕ Screen က 1080 x 2340p Resolution ရွိမွာျဖစ္တဲ့အတြက္ Gaming ဖုန္းေတြအတြက္ လိုအပ္တဲ့ Display စြမ္းေဆာင္မႈေပးႏုိင္မွာပါ။ Nubia ရဲ႕ေၾကြးေၾကာ္မႈအရေတာ့ ဒီဖုန္းရဲ႕ Screen Refresh Rate ဟာ “Gaming ကြန္ျပဴတာအမ်ားစု” ထက္ေတာင္ ပိုၿပီးျမင့္ဦးမယ္လို႔ ဆုိထားတယ္။

Nubia Red Magic 3 ဖုန္းမွာ 5,000 mAh ဘကၳရီႀကီးနဲ႔ 30W အားအျမန္သြင္းစနစ္တုိ႔ ပါဝင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ဖုန္းအတြင္းမွာ Built-in Fan ပါဝင္မွာျဖစ္ၿပီး ခ်စ္ပ္ဆက္ကို ထိေရာက္စြာ အေအးေပးမယ့္ စနစ္ကလည္း မုိဘုိင္းဖုန္းေတြမွာ ပထမဆုံးျဖစ္လာမွာပါ။

ေလာေလာဆယ္ေတာ့ စမ္းသပ္ဗားရွင္းရဲ႕ အမွတ္ေတြဟာ အျခား Cooling စနစ္ ေကာင္းေကာင္းပါဝင္ၿပီး Snapdragon 855 အသုံးျပဳထားတဲ့ ဟန္းဆက္ေတြေလာက္ေတာ့ မျမင့္ေသးေပမယ့္ သိပ္မကြာပါဘူး။ ေစ်းကြက္ထဲ တကယ္ေရာက္လာမယ့္ ဗားရွင္းက်ရင္ေတာ့ ဒီထက္ပိုၿပီးျမင့္မားႏုိင္ပါတယ္။

Ref – GSM Arena

[Unicode]

Nubia Red Magic 3 Gaming ဖုန်းအသစ်ဟာ တရုတ် Benchmark ဆိုက်တစ်ခုဖြစ်တဲ့ Master Lu ပေါ်မှာ သူ့ရဲ့ Snapdragon 855 ချစ်ပ်ဆက်နဲ့အတူ ထွက်ပေါ်လာခဲ့ပါတယ်။ တကယ့်ဈေးကွက်ထဲကို 12 GB RAM မန်မိုရီအထိ မြင့်မားတဲ့ Specs နဲ့ရောက်လာမှာဖြစ်ပေမယ့် အခုစမ်းသပ်တဲ့ဗားရှင်းမှာတော့ 8GB RAM ကိုသာ အသုံးပြုခဲ့ပါတယ်။ ဒါ့အပြင် Storage ကလည်း 128GB သာပါဝင်ခဲ့ပါတယ်။

အရင်ဆုံး Red Magic 3 ရဲ့ Screen က 1080 x 2340p Resolution ရှိမှာဖြစ်တဲ့အတွက် Gaming ဖုန်းတွေအတွက် လိုအပ်တဲ့ Display စွမ်းဆောင်မှုပေးနိုင်မှာပါ။ Nubia ရဲ့ကြွေးကြော်မှုအရတော့ ဒီဖုန်းရဲ့ Screen Refresh Rate ဟာ “Gaming ကွန်ပြူတာအများစု” ထက်တောင် ပိုပြီးမြင့်ဦးမယ်လို့ ဆိုထားတယ်။

Nubia Red Magic 3 ဖုန်းမှာ 5,000 mAh ဘက္ထရီကြီးနဲ့ 30W အားအမြန်သွင်းစနစ်တို့ ပါဝင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဖုန်းအတွင်းမှာ Built-in Fan ပါဝင်မှာဖြစ်ပြီး ချစ်ပ်ဆက်ကို ထိရောက်စွာ အအေးပေးမယ့် စနစ်ကလည်း မိုဘိုင်းဖုန်းတွေမှာ ပထမဆုံးဖြစ်လာမှာပါ။

လောလောဆယ်တော့ စမ်းသပ်ဗားရှင်းရဲ့ အမှတ်တွေဟာ အခြား Cooling စနစ် ကောင်းကောင်းပါဝင်ပြီး Snapdragon 855 အသုံးပြုထားတဲ့ ဟန်းဆက်တွေလောက်တော့ မမြင့်သေးပေမယ့် သိပ်မကွာပါဘူး။ ဈေးကွက်ထဲ တကယ်ရောက်လာမယ့် ဗားရှင်းကျရင်တော့ ဒီထက်ပိုပြီးမြင့်မားနိုင်ပါတယ်။

Ref – GSM Arena