Zawgyi

ဇူလိုင္ ၂၅ ရက္ေန႔အေစာပိုင္းမွာ ZTE ရဲ႕ အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Nubia ဟာ တရုတ္ဆုိရွယ္မီဒီယာ Weibo အေကာင့္ကေနတဆင့္ သူတုိ႔ရဲ႕ Flagship ထုတ္ကုန္အသစ္ Nubia Z20 ကို လာမယ့္ၾသဂုတ္လ ၈ ရက္ေန႔မွာ မိတ္ဆက္သြားမွာျဖစ္ေၾကာင္း ေၾကညာလုိက္ပါတယ္။

အဲဒီလိုေၾကညာၿပီးတဲ့ေနာက္မွာ ဖုန္းရဲ႕ ဓါတ္ပုံကိုပါ အြန္လိုင္းမွာျမင္ေတြ႕ခဲ့ရၿပီး ဗူးထဲမွာ ထည့္သြင္းထားတဲ့ ပုံျဖစ္တဲ့အတြက္ ဒီဇုိင္းကိုေတာ့ သိပ္ၿပီးျမင္ေတြ႕ရမွာမဟုတ္ပါဘူး။ ဒါေပမယ့္ Weibo ပလက္ေဖာင္းေပၚမွာပဲ ျမင္ေတြ႕ရတဲ့ Nubia Z20 ရဲ႕ဓါတ္ပုံေၾကာင့္ ဟန္းဆက္မွာ Notch မပါတဲ့ Display ဒီဇုိင္းကို သုံးစြဲလာမယ္ ဆုိတာကိုေတာ့ သိခြင့္ရခဲ့ပါတယ္။

Nubia Z20 ရဲ႕ဓါတ္ပုံက အရမ္းေတာ့ၾကည္လင္မေနေပမယ့္ သူ႕မွာ Curved Display သုံးထားတယ္ ဆုိတာကိုလည္း ေပၚလြင္ေစခဲ့ပါတယ္။ Display ရဲ႕အေပၚဘက္ကို ၾကည့္ရင္ Notch တစ္ခုမွ မပါတာကို ေတြ႕ရမွာပါ။ ဒါ့ေၾကာင့္ Screen ႏွစ္ခုနဲ႔ Nubia X လိုဒီဇုိင္းမ်ဳိးလား၊ ဆုိတာကိုလည္း ေနာက္ထပ္ထြက္လာမယ့္ Leak ေတြမွာ ေစာင့္ၾကည့္ရဦးမွာပါ။

ေလာေလာဆယ္ေတာ့ စမတ္ဖုန္းအသစ္ရဲ႕ Spec ေတြနဲ႔ပတ္သက္လုိ႔ ဘာမွထုတ္ျပန္ထားတာ မရွိေသးပါဘူး။ ဒီဖုန္းဟာ Flagship ျဖစ္တာေၾကာင့္ Snapdragon 855 သုိ႔မဟုတ္ 855+ အသုံးျပဳလာမယ္လို႔ ယူဆရပါတယ္။ အခုလအေစာပိုင္းမွာ ထြက္ရွိထားတဲ့ ဒီဖုန္းရဲ႕ကင္မရာနဲ႔ ရုိက္ကူးျပထားတဲ့ အစမ္းဓါတ္ပုံေတြကို ၾကည့္ရတာေတာ့ ကင္မရာနဲ႔ ဓါတ္ပုံပုိင္းမွာလည္း စြမ္းေဆာင္ရည္ျမင့္မားမယ့္ ပုံပါပဲ။

Ref – GSM Arena

Unicode

ဇူလိုင် ၂၅ ရက်နေ့အစောပိုင်းမှာ ZTE ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Nubia ဟာ တရုတ်ဆိုရှယ်မီဒီယာ Weibo အကောင့်ကနေတဆင့် သူတို့ရဲ့ Flagship ထုတ်ကုန်အသစ် Nubia Z20 ကို လာမယ့်သြဂုတ်လ ၈ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။

အဲဒီလိုကြေငြာပြီးတဲ့နောက်မှာ ဖုန်းရဲ့ ဓါတ်ပုံကိုပါ အွန်လိုင်းမှာမြင်တွေ့ခဲ့ရပြီး ဗူးထဲမှာ ထည့်သွင်းထားတဲ့ ပုံဖြစ်တဲ့အတွက် ဒီဇိုင်းကိုတော့ သိပ်ပြီးမြင်တွေ့ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် Weibo ပလက်ဖောင်းပေါ်မှာပဲ မြင်တွေ့ရတဲ့ Nubia Z20 ရဲ့ဓါတ်ပုံကြောင့် ဟန်းဆက်မှာ Notch မပါတဲ့ Display ဒီဇိုင်းကို သုံးစွဲလာမယ် ဆိုတာကိုတော့ သိခွင့်ရခဲ့ပါတယ်။

Nubia Z20 ရဲ့ဓါတ်ပုံက အရမ်းတော့ကြည်လင်မနေပေမယ့် သူ့မှာ Curved Display သုံးထားတယ် ဆိုတာကိုလည်း ပေါ်လွင်စေခဲ့ပါတယ်။ Display ရဲ့အပေါ်ဘက်ကို ကြည့်ရင် Notch တစ်ခုမှ မပါတာကို တွေ့ရမှာပါ။ ဒါ့ကြောင့် Screen နှစ်ခုနဲ့ Nubia X လိုဒီဇိုင်းမျိုးလား၊ ဆိုတာကိုလည်း နောက်ထပ်ထွက်လာမယ့် Leak တွေမှာ စောင့်ကြည့်ရဦးမှာပါ။

လောလောဆယ်တော့ စမတ်ဖုန်းအသစ်ရဲ့ Spec တွေနဲ့ပတ်သက်လို့ ဘာမှထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ဒီဖုန်းဟာ Flagship ဖြစ်တာကြောင့် Snapdragon 855 သို့မဟုတ် 855+ အသုံးပြုလာမယ်လို့ ယူဆရပါတယ်။ အခုလအစောပိုင်းမှာ ထွက်ရှိထားတဲ့ ဒီဖုန်းရဲ့ကင်မရာနဲ့ ရိုက်ကူးပြထားတဲ့ အစမ်းဓါတ်ပုံတွေကို ကြည့်ရတာတော့ ကင်မရာနဲ့ ဓါတ်ပုံပိုင်းမှာလည်း စွမ်းဆောင်ရည်မြင့်မားမယ့် ပုံပါပဲ။

Ref – GSM Arena